Connect with us

Hi, what are you looking for?

News

မံစီ၌ KIAနှင့် စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲဆက်ဖြစ်

မုန်းခေါင်ကျေးရွာ အနီးတဝိုက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေသည့်အပြင် ဒေသခံများအား အပြင်မထွက်ရန် တားမြစ်ထားသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဒေသခံများကို ကိုးကား ဖော်ပြထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၃)၊တပ်ရင်း(၂၇)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ကချင်ပြည်နယ် မံစီမြို့နယ် မုန်ခေါန် ကျေးရွာ အနီး ၌မတ်လ ၁၂ရက် နံနက် ၉နာရီခန့်က စစ်ကောင်စီတပ် တပ်မ (၈၈)၊ ခလရ (၁၂၁) ပူးပေါင်းတပ်တို့ ကျေးရွာအနီး စစ်ကြောင်းထိုးလာ၍ KIA က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်တပ်များ၏ ထိခိုက်ကျဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း၊မတ်လ ၁၀ရက်ကလည်း စစ်ကောင်စီတပ်စခန်းတစ်ခုသို့ စစ်လက်နက် အသုံးအဆောင်များနှင့် စားနပ်ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို မော်ဆွေနှင့် ဘန်ခုန်ယန်ကြားတွင် KIAက ကြားဖြတ် တိုက်ခိုက်မှုသုံးကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

အဆိုပါ နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီအုပ်စုက စစ်ရေးလုပ်ရှား မှုစဉ်ဆက်မပြတ်လုပ်ဆောင်နေ၍ KIAတပ်နှင့် ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မတ်လ ၈ရက်ကလည်း မုန်ခေါန် တပ်စခန်းမှ မဂျီဂုန် တပ်စခန်းသို့ အင်အားဖြည့်တင်းလာစဉ် KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

မုန်းခေါင်ကျေးရွာ အနီးတဝိုက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေသည့်အပြင် ဒေသခံများအား အပြင်မထွက်ရန် တားမြစ်ထားသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဒေသခံများကို ကိုးကား ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။