Connect with us

Hi, what are you looking for?

LuduNwayOo

News

မံစီ၌ KIAနှင့် စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲဆက်ဖြစ်

မုန်းခေါင်ကျေးရွာ အနီးတဝိုက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေသည့်အပြင် ဒေသခံများအား အပြင်မထွက်ရန် တားမြစ်ထားသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဒေသခံများကို ကိုးကား ဖော်ပြထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၃)၊တပ်ရင်း(၂၇)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ကချင်ပြည်နယ် မံစီမြို့နယ် မုန်ခေါန် ကျေးရွာ အနီး ၌မတ်လ ၁၂ရက် နံနက် ၉နာရီခန့်က စစ်ကောင်စီတပ် တပ်မ (၈၈)၊ ခလရ (၁၂၁) ပူးပေါင်းတပ်တို့ ကျေးရွာအနီး စစ်ကြောင်းထိုးလာ၍ KIA က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်တပ်များ၏ ထိခိုက်ကျဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း၊မတ်လ ၁၀ရက်ကလည်း စစ်ကောင်စီတပ်စခန်းတစ်ခုသို့ စစ်လက်နက် အသုံးအဆောင်များနှင့် စားနပ်ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို မော်ဆွေနှင့် ဘန်ခုန်ယန်ကြားတွင် KIAက ကြားဖြတ် တိုက်ခိုက်မှုသုံးကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

အဆိုပါ နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီအုပ်စုက စစ်ရေးလုပ်ရှား မှုစဉ်ဆက်မပြတ်လုပ်ဆောင်နေ၍ KIAတပ်နှင့် ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မတ်လ ၈ရက်ကလည်း မုန်ခေါန် တပ်စခန်းမှ မဂျီဂုန် တပ်စခန်းသို့ အင်အားဖြည့်တင်းလာစဉ် KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

မုန်းခေါင်ကျေးရွာ အနီးတဝိုက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေသည့်အပြင် ဒေသခံများအား အပြင်မထွက်ရန် တားမြစ်ထားသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဒေသခံများကို ကိုးကား ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။