Connect with us

Hi, what are you looking for?

News

ကသာမြို့အနီး စစ်ကောင်စီတပ်စွဲရာနေရာတွင် ပစ်ခတ်မှုဖြစ်ပွား

“မြို့ပြင်တပ်ဆွဲထားတဲ့နေရာမှာပစ်တာဘဲကြားရတာ။ အခုဆို အချက်200 လောက်ရှိပီ။ ခုလေးတင် ဗုံးတချက်”ဟု ကသာ မြို့ခံက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် ကသာမြို့အနီး ကသာ – ဗန်းမော်လမ်းတွင် ယနေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားနေကြောင်း အဆိုပါမြို့ခံတစ်ဦးက ပြောသည်။

ယနေ့(ဇူလိုင် ၁၇ရက်)ည ၁၀နာရီခန့်ကစတင် ပစ်ခတ်ခဲ့ရာ မိနစ် ၂၀ခန့် ကြာသည်အထိ ပစ်ခတ်မှုဆက်ဖြစ်နေဟု ၎င်းက ဆိုသည်။

“မြို့ပြင်တပ်ဆွဲထားတဲ့နေရာမှာပစ်တာဘဲကြားရတာ။ အခုဆို အချက်200 လောက်ရှိပီ။ ခုလေးတင် ဗုံးတချက်”ဟု ကသာ မြို့ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲပုံစံမျိုးမဟုတ်ဘဲ စစ်ကောင်စီကသာ ပစ်ခတ်နေသည့်ပုံစံဟု ၎င်းက ဆို သည်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ်တွင် စစ်ကောင်စီတပ်များကို ကချင်လက်နက်ကိုင်အဖွဲ့ KIAနှင့် ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ် PDF တို့ ပူးပေါင်း တိုက်ခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။