Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာမြို့အနီး စစ်ကောင်စီတပ်စွဲရာနေရာတွင် ပစ်ခတ်မှုဖြစ်ပွား

“ မြို့ပြင်တပ်ဆွဲထားတဲ့နေရာမှာပစ်တာဘဲကြားရတာ။ အခုဆို အချက်200 လောက်ရှိပီ။ ခုလေးတင် ဗုံးတချက်” ဟု ကသာ မြို့ခံက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် ကသာမြို့အနီး ကသာ – ဗန်းမော်လမ်းတွင် ယနေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားနေကြောင်း အဆိုပါမြို့ခံတစ်ဦးက ပြောသည်။

ယနေ့(ဇူလိုင် ၁၇ရက်)ည ၁၀နာရီခန့်ကစတင် ပစ်ခတ်ခဲ့ရာ မိနစ် ၂၀ခန့် ကြာသည်အထိ ပစ်ခတ်မှုဆက်ဖြစ်နေဟု ၎င်းက ဆိုသည်။

“ မြို့ပြင်တပ်ဆွဲထားတဲ့နေရာမှာပစ်တာဘဲကြားရတာ။ အခုဆို အချက်200 လောက်ရှိပီ။ ခုလေးတင် ဗုံးတချက်” ဟု ကသာ မြို့ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲပုံစံမျိုးမဟုတ်ဘဲ စစ်ကောင်စီကသာ ပစ်ခတ်နေသည့်ပုံစံဟု ၎င်းက ဆို သည်။

ကသာမြို့နယ်တွင် စစ်ကောင်စီတပ်များကို ကချင်လက်နက်ကိုင်အဖွဲ့ KIAနှင့် ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ် PDF တို့ ပူးပေါင်း တိုက်ခိုက်မှုများ ရှိခဲ့သည်။