အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောနှစ်စီးကို ရှော့တိုက်ဒုံံးဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ထက်မနည်းသေဆုံးကြောင်း ကသာ PDFက ယနေ့(မတ်လ ၁၄ ရက်) ထုတ်ပြန်သည်။
ကသာမြို့အရှေ့ဘက်ကမ်း သုံးဆယ်ပေ ကျွန်းကမ်းပါးရံရှိ စစ်ကောင်စီ သင်္ဘောနှစ်စီးအနက်မှ တစ်စီးကို ကသာ PDFက ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည် ဖော်ပြသည်။
ရှော့တိုက်ဒုံးနှစ်လုံးစလုံးသည် ချက်ကောင်းထိမှန်ခဲ့ပြီး တစ်လုံးသည်တည့်တည့်ဝင်ကာ ပေါက်ကွဲခဲ့သည်ဟု ကသာ PDF ဆိုသည်။
“ရှော့တိုက်ဒုန်းစာမိခွေးအကောင်ရေ(၃၀)ထက်မနည်းသေပြီး ကုလားသချိုင်း တာဝါတိုင်အနီးမြုပ်နှံနေ။ဒဏ်ရာရ ခွေး(၅)ကောင်ကို ကသာဆေးရုံသို့သယ်သွား”ဟု ကသာ PDFက ပြောသည်။

Public Service Announcement
စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အန္တရာယ်ကင်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
မတ်လ ၁၁ ရက်ကလည်း ကသာမြို့မှ တက်လာသော စစ်ကောင်စီတပ်ကို နွားကူးရွာဟောင်အနီး ၊ မဂ်လာသုခ နောက်ကြောတွင် ကသာမြို့နယ် (ပ-က-ဖ)နှင့် ABSDF ပူးပေါင်းတပ်များမှမိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။


















































