Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗန်း​မော်​နယ်တွင် PDFအမည်ခံ၍ ခြိမ်း​ခြောက်စာပို့ ​ငွေ​တောင်းခံသူများကို ​ဖော်ထုတ်အ​ရေးယူမည်ဟု BTPA သတိ​ပေး

ပြည်သူများအပေါ် ခြိမ်းခြောက်မှုများကို စာဖြင့်သော် လည်းကောင်း၊ ကာယအားဖြင့်သော်လည်း ကောင်း အမှန်တရားဘက်တော်သား အဖွဲ့သားများမှ မည်သို့သော အခါမျှပြုလုပ်မည် မဟုတ်ကြောင်း နှင့် PDF တပ်ဖွဲ့များနှင့် လုံးဝမသက်ဆိုင်ကြောင်းလည်း အသိပေးသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်​ရေးတပ်(PDF)အမည်ခံ၍ ခြိမ်းခြောက်စာပေးခြင်း၊ ငွေတောင်းခံခြင်းနှင့် ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသူများကို အမြန်ဆုံးဖော်ထုတ်အရေးယူမည်ဟု ဗန်းမော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး(BTPA)က ယနေ့(မတ် ၁၈ ရက်) သတိ​ပေးသည်။

ယခုကဲ့သို့ ခြိမ်းခြောက်စာများဖြင့် ပြုလုပ်နေမှုများသည် အမှန်တရား ဘက်တော်သား PDF အဖွဲ့များ၏ ဂုဏ်သိက္ခာ များစွာကျဆင်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု BTPA က ဆိုသည်။

ပြည်သူများအပေါ် ခြိမ်းခြောက်မှုများကို စာဖြင့်သော် လည်းကောင်း၊ ကာယအားဖြင့်သော်လည်း ကောင်း အမှန်တရားဘက်တော်သား အဖွဲ့သားများမှ မည်သို့သော အခါမျှပြုလုပ်မည် မဟုတ်ကြောင်း နှင့် PDF တပ်ဖွဲ့များနှင့် လုံးဝမသက်ဆိုင်ကြောင်းလည်း အသိပေးသည်။

“ကျွန်တော်တို့ ဆီမှာ Missionအတွက် သီးသန့်ဘက်ဂျက်ရှိတယ်။ပြီးတော့လိုအပ်ရင် တရားဝင်အလှူခံတာတွေလုပ်တယ်။ဒီလို ခြိမ်းခြောက်မှုတွေဟာ ဒေသခံလူထု နဲ့ ကျွန်တော်တို့ကို သွေးခွဲတာ “ဟု ဗန်းမော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

PDF အမည်ခံ၍ ပြည်သူများဆီမှ ခြိမ်းခြောက် ငွေညစ်သည့် နည်းလမ်းများမှာ အကြမ်းဖက်စစ် ကောင်စီ၏ လက်ဝေခံဖြစ်သော ပျူစောထီးအဖွဲ့များက စစ်ကိုင်း တိုင်း၌ တွင်ကျယ်စွာ ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။