Connect with us

Hi, what are you looking for?

News

ဗန်း​မော်​နယ်တွင် PDFအမည်ခံ၍ ခြိမ်း​ခြောက်စာပို့ ​ငွေ​တောင်းခံသူများကို ​ဖော်ထုတ်အ​ရေးယူမည်ဟု BTPA သတိ​ပေး

ပြည်သူများအပေါ် ခြိမ်းခြောက်မှုများကို စာဖြင့်သော် လည်းကောင်း၊ ကာယအားဖြင့်သော်လည်း ကောင်း အမှန်တရားဘက်တော်သား အဖွဲ့သားများမှ မည်သို့သော အခါမျှပြုလုပ်မည် မဟုတ်ကြောင်း နှင့် PDF တပ်ဖွဲ့များနှင့် လုံးဝမသက်ဆိုင်ကြောင်းလည်း အသိပေးသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်​ရေးတပ်(PDF)အမည်ခံ၍ ခြိမ်းခြောက်စာပေးခြင်း၊ ငွေတောင်းခံခြင်းနှင့် ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသူများကို အမြန်ဆုံးဖော်ထုတ်အရေးယူမည်ဟု ဗန်းမော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး(BTPA)က ယနေ့(မတ် ၁၈ ရက်) သတိ​ပေးသည်။

ယခုကဲ့သို့ ခြိမ်းခြောက်စာများဖြင့် ပြုလုပ်နေမှုများသည် အမှန်တရား ဘက်တော်သား PDF အဖွဲ့များ၏ ဂုဏ်သိက္ခာ များစွာကျဆင်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု BTPA က ဆိုသည်။

ပြည်သူများအပေါ် ခြိမ်းခြောက်မှုများကို စာဖြင့်သော် လည်းကောင်း၊ ကာယအားဖြင့်သော်လည်း ကောင်း အမှန်တရားဘက်တော်သား အဖွဲ့သားများမှ မည်သို့သော အခါမျှပြုလုပ်မည် မဟုတ်ကြောင်း နှင့် PDF တပ်ဖွဲ့များနှင့် လုံးဝမသက်ဆိုင်ကြောင်းလည်း အသိပေးသည်။

“ကျွန်တော်တို့ ဆီမှာ Missionအတွက် သီးသန့်ဘက်ဂျက်ရှိတယ်။ပြီးတော့လိုအပ်ရင် တရားဝင်အလှူခံတာတွေလုပ်တယ်။ဒီလို ခြိမ်းခြောက်မှုတွေဟာ ဒေသခံလူထု နဲ့ ကျွန်တော်တို့ကို သွေးခွဲတာ “ဟု ဗန်းမော်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

PDF အမည်ခံ၍ ပြည်သူများဆီမှ ခြိမ်းခြောက် ငွေညစ်သည့် နည်းလမ်းများမှာ အကြမ်းဖက်စစ် ကောင်စီ၏ လက်ဝေခံဖြစ်သော ပျူစောထီးအဖွဲ့များက စစ်ကိုင်း တိုင်း၌ တွင်ကျယ်စွာ ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook