Connect with us

Hi, what are you looking for?

News

တယ်လီနောမြန်မာရဲ့ လုပ်ငန်း ပိုင်ရှင်သစ်ထံအလွှဲအပြောင်းစတင်၊ စစ်အုပ်စုနောက်ခံ ရွှေဗျိုင်းဖြူ ကုမ္ပဏီ အဓိကပိုင်ဆိုင်သူဖြစ်လာ

ပိုင်ရှင်သစ်ထံအလွှဲအပြောင်းဟာ တယ်လီနောရဲ့ သုံးစွဲသူတွေ ၊ ဝန်ထမ်းတွေ နဲ့ မိတ်ဖက်တွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ တယ်လီနောရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နော်ဝေးဆက်သွယ်ရေးကုမ္ပဏီတယ်လီနောက ဒီနေ့ မတ် ၁၈ ရက်ကစတင်ပြီး မြန်မာပြည်လုပ်ငန်းခွဲကို ပိုင်ရှင်သစ်ထံ စတင်လွှဲပြောင်းပြီလို့ သတင်းထုတ်ပြန်ပါတယ်။

တယ်လီနော က မြန်မာပြည် လုပ်ငန်းခွဲကို လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းချထားတာပါ။

M1 Group ထံက တယ်လီနော မြန်မာရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို စစ်အုပ်စုနောက်ခံရှိတဲ့ ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူက ထပ်မံဝယ်ယူထားပါတယ်။

ဒါကြောင့် တယ်လီနော မြန်မာရဲ့အဓိက ပိုင်ရှင်သစ်ဟာ ရွှေဗျိုင်းဖြု ကုမ္ပဏီဖြစ်လာမှာပါ။ တယ်လီနောဟာ မြန်မာပြည်တွင်းမှာ သုံးစွဲသူ ၁၈ သန်းကျော်ရှိပါတယ်။

Public Service Announcement

Public Service Announcement

ပိုင်ရှင်သစ်ထံအလွှဲအပြောင်းဟာ တယ်လီနောရဲ့ သုံးစွဲသူတွေ ၊ ဝန်ထမ်းတွေ နဲ့ မိတ်ဖက်တွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ တယ်လီနောရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာပြည်တွင်းအခြေအနေဟာ ပိုမိုဆိုးဝါးလာနေတဲ့အတွက် နော်ဝေးအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီး တယ်လီနောဟာ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းကို ရောင်းချဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လအတွင်းကထုတ်ပြန်ထားခဲ့ပါတယ်။

တယ်လီနောမြန်မာရဲ့ပိုင်ရှင်သစ်ဖြစ်လာသူ ရွှေဗျိုင်းဖြူ ကုမ္ပဏီ ပိုင်ရှင် အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော်ဟာ စစ်တပ်နဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

လက်ရှိမှာလည်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်း၊ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း တွေကို လုပ်ကိုင်နေသူပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။