Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီဖိတ်ကြားချက်အရ အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်လာမည်

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်မည်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းများနှင့်တွေ့ဆုံမည်ဆိုသည်ကို ထုတ်ပြန်ခြင်းမရှိပေ။

အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းသည် အကြမ်းဖက်စစ်ကောင်စီ၏ဖိတ်ကြားချက်အရ မတ်လ ၂၁ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောလာရောက်လည်ပတ်မည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်မည်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းများနှင့်တွေ့ဆုံမည်ဆိုသည်ကို ထုတ်ပြန်ခြင်းမရှိပေ။

“အထူးကိုယ်စားလှယ်ရဲ့ပထမဆုံးခရီးစဉ်က အကြမ်းဖက်မှုအဆုံးသတ်ရေးနဲ့ အဖွဲ့အစည်းအားလုံးအကြား အတတ်နိုင်ဆုံးထိန်းချုပ်ကန့်သတ်ရေးဆီဦးတည်တဲ့ ကောင်းမွန်တဲ့အခြေအနေဖန်တီးဖို့ရည်ရွယ်ပါတယ်။ လူသားချင်းစာနာမှုအထောက်အပံ့တွေ ဖြန့်ဖြူခြင်း၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးနဲ့ AHA စင်တာအကြားချိတ်ဆက်ဆောင်ရွက်ခြင်းနဲ့ သက်ဆိုင်ရာပါတီများအကြား နိုင်ငံရေးအကြံပြုချက်များ၊ ဆွေးနွေးမှုများကို တိုက်တွန်းခြင်း စတာတွေလည်း ရည်ရွယ်ပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

အထက်ပါ ခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ တွေ့ဆုံနိုင်ဖွယ်မရှိပေ။

Public Service Announcement

Public Service Announcement

ယခင်အာဆီယံအထူးကိုယ်စားလှယ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် အကြမ်းဖက်စစ်ကောင်စီကို တောင်းဆိုရာ ခွင့်ပြုခဲ့ခြင်းမရှိပေ။ ထို့အတွက် အဆိုပါအထူးကိုယ်စားလှယ် ၏ သက်တမ်း ၄လကျော်အတွင်း မြန်မာနိုင်ငံသို့ လာရောက်နိုင်ခြင်းမရှိပေ။

လက်ရှိအာဆီယံအထူးကိုယ်စားလှယ်သည် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်းတို့တွေ့ဆုံခွင့်ပေးသည့် ပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်သာ တွေ့ဆုံရဖွယ် ရှိနေသည်။

NLD ပါတီကမူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်းမဟုတ်ပါက မည်သူနှင့်တွေ့ဆုံသည်ဖြစ်စေ NLD ကို ကိုယ်စားပြုတွေ့ဆုံခြင်းမဟုတ်ဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေး တွေ့ဆုံမှုသာဖြစ်မည်ဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook