Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၃ နှစ်သား မောင်းတဲ့ကား ယာဉ်တိုက်မှု ဖြစ်ရာက ၉ ဦးသေ

ယာဉ်တိုက်မှု ဖြစ်ချိန်မှာ ကားနှစ်စီးက ဘယ်လောက် မြန်နှုန်းနဲ့ မောင်းနေသလဲ ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။ အမြန်လမ်း ရဲတပ်ဖွဲ့ဟာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

အမေရိကန်မှာ ၁၃ နှစ်သား ကလေးတစ်ဦး တက်မောင်းတဲ့ကား ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အခု သီတင်းပတ် အစောပိုင်းက တက္ကဆက်စ်မှာ လူငယ်လေးတစ်ယောက် မောင်းလာတဲ့ ပစ်ကပ် ထရပ်ကားက တခြား ဗင်ကားတစ်စီးကို ဝင်တိုက်ခဲ့တာလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ အပိုဘီးကို ယာယီ တပ်ဆင်ထားတဲ့ ထရပ်ကားမှာ အဲဒီဘီးက ကွဲထွက်သွားရာ ကားတစ်စီးလုံး တရွတ်ဆွဲပြီး တစ်ဖက်ယာဉ်ကြောက ဗင်ကားကို ဝင်တိုက်မိခဲ့တာလို့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဌာန အရာရှိ တစ်ဦးက ပြောပါတယ်။

ဝင်အတိုက်ခံရတဲ့ ကားပေါ်မှာ ပါလာတဲ့ တက္ကသိုလ် လက်ရွေးစင်အဆင့် ဂေါက်ရိုက် အားကစားသမား ၆ ဦးနဲ့ နည်းပြဖြစ်သူတို့ သေဆုံးခဲ့ကြပါတယ်။ ပစ်ကပ် ကားကို တက်မောင်းလာတဲ့ ကလေးနဲ့ အဖော်ပါလာသူလည်း အသက် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ ဗင်ကားပေါ်က ကနေဒါ နိုင်ငံသား တက္ကသိုလ် ကျောင်းသား နှစ်ယောက်ကတော့ ဒဏ်ရာတွေရပြီး ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

တက္ကဆက်စ်ပြည်နယ်ရဲ့ စည်းမျဉ်းတွေအရ အသက် ၁၄ နှစ် ပြည့်တဲ့ ကလေးတွေကို အခြေခံ ကားမောင်း သင်ခန်းစာတွေ စတင် သင်ကြားခွင့် ပြုထားပြီး ၁၅ နှစ် အရွယ်ကစလို့ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ ကြီးကြပ်မှုအောက်မှာ ကားမောင်းလို့ ရပါတယ်။ ဒါပေမဲ့ အခု ယာဉ်တိုက်မှုမှာ ပါဝင်တဲ့ ကလေးငယ်က အသက် ၁၄ နှစ် မပြည့်သေးဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်တိုက်မှု ဖြစ်ချိန်မှာ ကားနှစ်စီးက ဘယ်လောက် မြန်နှုန်းနဲ့ မောင်းနေသလဲ ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။ အမြန်လမ်း ရဲတပ်ဖွဲ့ဟာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook