Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၃ နှစ်သား မောင်းတဲ့ကား ယာဉ်တိုက်မှု ဖြစ်ရာက ၉ ဦးသေ

ယာဉ်တိုက်မှု ဖြစ်ချိန်မှာ ကားနှစ်စီးက ဘယ်လောက် မြန်နှုန်းနဲ့ မောင်းနေသလဲ ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။ အမြန်လမ်း ရဲတပ်ဖွဲ့ဟာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

အမေရိကန်မှာ ၁၃ နှစ်သား ကလေးတစ်ဦး တက်မောင်းတဲ့ကား ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အခု သီတင်းပတ် အစောပိုင်းက တက္ကဆက်စ်မှာ လူငယ်လေးတစ်ယောက် မောင်းလာတဲ့ ပစ်ကပ် ထရပ်ကားက တခြား ဗင်ကားတစ်စီးကို ဝင်တိုက်ခဲ့တာလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ အပိုဘီးကို ယာယီ တပ်ဆင်ထားတဲ့ ထရပ်ကားမှာ အဲဒီဘီးက ကွဲထွက်သွားရာ ကားတစ်စီးလုံး တရွတ်ဆွဲပြီး တစ်ဖက်ယာဉ်ကြောက ဗင်ကားကို ဝင်တိုက်မိခဲ့တာလို့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဌာန အရာရှိ တစ်ဦးက ပြောပါတယ်။

ဝင်အတိုက်ခံရတဲ့ ကားပေါ်မှာ ပါလာတဲ့ တက္ကသိုလ် လက်ရွေးစင်အဆင့် ဂေါက်ရိုက် အားကစားသမား ၆ ဦးနဲ့ နည်းပြဖြစ်သူတို့ သေဆုံးခဲ့ကြပါတယ်။ ပစ်ကပ် ကားကို တက်မောင်းလာတဲ့ ကလေးနဲ့ အဖော်ပါလာသူလည်း အသက် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ ဗင်ကားပေါ်က ကနေဒါ နိုင်ငံသား တက္ကသိုလ် ကျောင်းသား နှစ်ယောက်ကတော့ ဒဏ်ရာတွေရပြီး ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

တက္ကဆက်စ်ပြည်နယ်ရဲ့ စည်းမျဉ်းတွေအရ အသက် ၁၄ နှစ် ပြည့်တဲ့ ကလေးတွေကို အခြေခံ ကားမောင်း သင်ခန်းစာတွေ စတင် သင်ကြားခွင့် ပြုထားပြီး ၁၅ နှစ် အရွယ်ကစလို့ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ ကြီးကြပ်မှုအောက်မှာ ကားမောင်းလို့ ရပါတယ်။ ဒါပေမဲ့ အခု ယာဉ်တိုက်မှုမှာ ပါဝင်တဲ့ ကလေးငယ်က အသက် ၁၄ နှစ် မပြည့်သေးဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်တိုက်မှု ဖြစ်ချိန်မှာ ကားနှစ်စီးက ဘယ်လောက် မြန်နှုန်းနဲ့ မောင်းနေသလဲ ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။ အမြန်လမ်း ရဲတပ်ဖွဲ့ဟာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယာဥ်တိုက်မှုကြောင့် လူ ၁၀ဦးထပ်မနည်း သေဆုံးခဲ့ရတဲ့ နယူးမန္တလာထွန်းယာဥ်လိုင်းက ဖြစ်စဥ်အတွက် Facebook လူမှုကွန်ရက်ကနေ တောင်းပန်ထားပြီး ၎င်းတို့ရဲ့ ရန်ကုန်-ပြင်ဦးလွင်ခရီးစဥ်ကို သက်ဆိုင်ရာက ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း အဆိုပါယာဥ်လိုင်းက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်တပ် အာဏာသိမ်းထားတဲ့ကာလထဲမှာပဲ ၆ ကြိမ်မြောက် သီတင်းကျွတ်ကာလ ရောက်ရှိခဲ့ပါပြီ။ ဒီနှစ်မှာ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုးနဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ပြည်တွင်း ခရီးသွားတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ အသွားအလာ များကြသလို ယာဉ်တိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်...

သတင်း

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။