Connect with us

Hi, what are you looking for?

News

ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်သားခြောက်ဦး ပစ်ခတ်တိုက်ခိုက်ခံရ၊ တစ်ဦးသေ

သုံးမိနစ်ကြာ ပစ်ခိုက်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီတပ်သားခြောက်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF Kalay က ယနေ့(မတ် ၂၂)ထုတ်ပြန်သည်။

ကလေးမြို့ တာဟန်းဘက်မှ တောင်သာ​ကျေးရွာဘက်သို့ ဆိုင်ကယ်သုံးစီးဖြင့် မောင်းနှင်လာသော စစ်ကောင်စီတပ်သားခြောက်ဦးကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်းအနီးတွင် ယနေ့နံနက် ၇ နာရီ ၄၅ ခန့်က အသင့်စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သုံးမိနစ်ကြာ ပစ်ခိုက်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement

“ဆိုင်ကယ်နဲ့ စီးလာတဲ့ စစ်သားတွေကို မြို့ထဲမှာပျောက်ကျားနေရာယူတဲ့ အဖွဲ့တွေက ဝင်ပစ်သွားတာ။ တစ်ယောက်သေတော့ မြို့ထဲမှာ သောင်းကျန်းပြီး လိုက်ပစ်နေတယ်။ ပြည်သူတွေဆီကိုလည်း ကြောက်လန့်ပြီးလိုက်ပစ်နေကြတယ်။ ထိခိုက်မိသူတွေရှိတယ်”ဟုကလေးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်ခဲ့ရာ အနီးဝန်းကျင်ရှိပြည်သူတစ်ဦး၏ ခြေထောက်တွင် သေနတ်ထိမှန်ခဲ့ကြောင်း PDF Kalay က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။