စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လူမှုကူညီရေးအသင်း ယာဥ်အား မှားယွင်းဖောက်ခွဲမိခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ယက္ခညီနောင်မှ တောင်းပန်ခဲ့သည်။
ယမန်နေ့(မတ်လ ၂၂ ရက်)ည ၁၀နာရီ ၂၅မိနစ်အချိန်တွင် စစ်ကောင်စီယာဥ်အား တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဥ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးယာဥ်အား မှားယွင်းစွာဖြင့် ဖောက်ခွဲတိုက်ခိုက်မိခဲ့ပြီး သိရ၍ များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် လူမှူကယ်ဆယ်ရေးအသင်းကြီး၏ Live ကိုလည်း မီးပျက်နေခြင်းအခြေနေများကြောင့် မသိလိုက်ရဘဲ ဖောက်ခွဲမိခဲ့ပြီး ထိုဖြစ်ရပ်သည် ယက္ခညီနောင်များအဖွဲ့၏ မှားယွင်းမှုအား မိဘပြည်သူများသိအောင် ဝန်ချတောင်းပန်ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းကြီးအား ကျေနပ်သည်အထိကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့် နောက်နောင်အလားတူ ကိစ္စမျိုးမဖြစ်စေရန် ဂရုစိုက်လုပ်ဆောင်ပြီး စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်း သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ယက္ခညီနောင်က တောင်းပန်သည်။

ယမန်နေ့ (မတ်လ ၂၂ ရက်)ည ၁၀နာရီခွဲဝန်းကျင်က မြင်းမူမြို့မှ ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ထားသော လူနာအား မုံရွာတိုးဂိတ်ထိ သွားရောက်ခေါ်ဆောင်ကာ မုံရွာဆေးရုံကြီး သို့ပို့ဆောင်ရန် ကွက်ကဲရေးရုံးမှ လူနာ တင်ယာဉ်တစ်စီး ထွက်သွားခဲ့ကြောင်း၊ လူနာသွား ရောက်ခေါ်ဆောင်သောယာဥ်သည် ကားကွင်း(အသစ်) မရောက်ခင်တွင် မိုင်းဆွဲခြင်း ခံခဲ့ရပါသဖြင့်မော်တော် ယာဉ်မှာအသေးစား ပျက်စီးမှူများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့(မုံရွာ)က သတင်းထုတ်ပြန်ထားသည်။
နောက်နောင်တွင် မိမိတို့ အဖွဲ့သားများအား အသက်အန္တရာယ် စိုးရိမ်ရပါသဖြင့် မည်သို့သောကြောင့် မိုင်းဆွဲရသည်ဟု အကြောင်းတစ်စုံတစ်ရာ မသိရှိရစဉ် အချိန်အတွင်း မတ်လ ၂၃ ရက် နံနက်ပိုင်းမှစ၍ မည်သည့် လူနာ လမ်းကြောင်းမဆို ကူညီမှူရက်အကန့်မရှိ ရပ်နားမည်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့မှ ပြုလုပ်သည်ဟု မသိရှိရကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့(မုံရွာ) ဥက္ကဌဦးစိန်ကိုကိုက သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူနာတင်ယာဥ်များ ၊ လူမှုကူညီရေးယာဥ်များ အသုံးပြု ၍PDF များ၏မိုင်းခွဲမှုမခံရစေရန် သွားလာခြင်း ၊PDF စခန်းအချို့ဆီသို့သွားရောက် စီးနင်းသော ဖြစ်ရပ်အချို့ရှိခဲ့သည်။ ထိုကြောင့်PDF အဖွဲ့များကလည်း လူနာတင်ယာဥ်များ ၊လူမှုကူညီရေးယာဥ်များကိုလည်း သတိထားစောင့်ကြည့်နေရသော အခြေအနေ ဖြစ်သည်။

Public Service Announcement


















































