Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် လူမှုကူညီရေးအသင်းယာဥ်အား မှားယွင်းဖောက်ခွဲမိခဲ့၍ ယက္ခညီနောင်အဖွဲ့ တောင်းပန်

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်​ကောင်စီတပ်က လူနာတင်ယာဥ်များ ၊ လူမှုကူညီ​ရေးယာဥ်များ အသုံးပြု ၍PDF များ၏မိုင်းခွဲမှုမခံရ​စေရန် သွားလာခြင်း ၊PDF စခန်းအချို့ဆီသို့သွား​​ရောက် စီးနင်း​​သော ဖြစ်ရပ်အချို့ရှိခဲ့သည်။ ထို​ကြောင့်PDF အဖွဲ့များကလည်း လူနာတင်ယာဥ်များ ၊လူမှုကူညီ​ရေးယာဥ်များကိုလည်း သတိထား​စောင့်ကြည့်​နေရ​သော အ​ခြေအ​နေ ဖြစ်သည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လူမှုကူညီရေးအသင်း ယာဥ်အား မှားယွင်းဖောက်ခွဲမိခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ယက္ခညီနောင်မှ တောင်းပန်ခဲ့သည်။

ယမန်နေ့(မတ်လ ၂၂ ရက်)ည ၁၀နာရီ ၂၅မိနစ်အချိန်တွင် စစ်ကောင်စီယာဥ်အား တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဥ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးယာဥ်အား မှားယွင်းစွာဖြင့် ဖောက်ခွဲတိုက်ခိုက်မိခဲ့ပြီး သိရ၍ များစွာစိတ်မ​ကောင်းဖြစ်ရကြောင်းနှင့် လူမှူကယ်ဆယ်ရေးအသင်းကြီး၏ Live ကိုလည်း မီးပျက်နေခြင်းအခြေနေများကြောင့် မသိလိုက်ရဘဲ ဖောက်ခွဲမိခဲ့ပြီး ထိုဖြစ်ရပ်သည် ယက္ခညီနောင်များအဖွဲ့၏ မှားယွင်းမှုအား မိဘပြည်သူများသိအောင် ဝန်ချတောင်းပန်ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းကြီးအား ကျေနပ်သည်အထိကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့် နောက်နောင်အလားတူ ကိစ္စမျိုးမဖြစ်စေရန် ဂရုစိုက်လုပ်ဆောင်​ပြီး စစ်​ကောင်စီအား အမြစ်ပြတ်ချေမှုန်း သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ယက္ခညီနောင်က တောင်းပန်သည်။

ယမန်နေ့ (မတ်လ ၂၂ ရက်)ည ၁၀နာရီခွဲဝန်းကျင်က မြင်းမူမြို့မှ ဆိုင်ကယ်တိမ်း​မှောက်မှု ဖြစ်ထားသော လူနာအား မုံရွာတိုးဂိတ်ထိ သွားရောက်ခေါ်ဆောင်ကာ မုံရွာဆေးရုံကြီး သို့ပို့ဆောင်ရန် ကွက်ကဲရေးရုံးမှ လူနာ တင်ယာဉ်တစ်စီး ထွက်သွားခဲ့ကြောင်း၊ လူနာသွား ရောက်ခေါ်ဆောင်သောယာဥ်သည် ကားကွင်း(အသစ်) မရောက်ခင်တွင် မိုင်းဆွဲခြင်း ခံခဲ့ရပါသဖြင့်မော်တော် ယာဉ်မှာအသေးစား ပျက်စီးမှူများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့(မုံရွာ)က သတင်းထုတ်ပြန်ထားသည်။

နောက်နောင်တွင် မိမိတို့ အဖွဲ့သားများအား အသက်အန္တရာယ် စိုးရိမ်ရပါသဖြင့် မည်သို့သောကြောင့် မိုင်းဆွဲရသည်ဟု အကြောင်းတစ်စုံတစ်ရာ မသိရှိရစဉ် အချိန်အတွင်း မတ်လ ၂၃ ရက် နံနက်ပိုင်းမှစ၍ မည်သည့် လူနာ လမ်းကြောင်းမဆို ကူညီမှူရက်အကန့်မရှိ ရပ်နားမည်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့မှ ပြုလုပ်သည်ဟု မသိရှိရကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့(မုံရွာ) ဥက္ကဌဦးစိန်ကိုကိုက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်​ကောင်စီတပ်က လူနာတင်ယာဥ်များ ၊ လူမှုကူညီ​ရေးယာဥ်များ အသုံးပြု ၍PDF များ၏မိုင်းခွဲမှုမခံရ​စေရန် သွားလာခြင်း ၊PDF စခန်းအချို့ဆီသို့သွား​​ရောက် စီးနင်း​​သော ဖြစ်ရပ်အချို့ရှိခဲ့သည်။ ထို​ကြောင့်PDF အဖွဲ့များကလည်း လူနာတင်ယာဥ်များ ၊လူမှုကူညီ​ရေးယာဥ်များကိုလည်း သတိထား​စောင့်ကြည့်​နေရ​သော အ​ခြေအ​နေ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။