Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်တွင်း၊ ​ကျော်ရွာတိုက်ပွဲ စစ်​ကောင်စီတပ် ၈ ဦးထက်မနည်း​သေ၊ PDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

မင်းကင်းမြို့နယ်နှင့်​တောင်တွင်း​အောက်ပိုင်း​ဒေသများတွင် ပျူ​စောထီး​အား​ကောင်း​သောကျေးရွာများရှိ၍ ပြသာနာရှိ​ကြောင်း​PDF တပ်ဖွဲ့ဝင်အချို့က​ပြောသည်။

( KPDF 2 တပ်ရင်း (၂).မှတပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်စဥ် ။ ဓါတ်ပုံ-KPDF-2)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကပျူ​စောထီးသင်တန်းပေးရန်စီစဥ်နေသည့် တောင်တွင်းဒေသ ကျော်ရွာကျေးရွာကို ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၈ ဦးထက်မနည်းသေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၂ဦး ကျဆုံးခဲ့ကြောင်း ​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့များကထုတ်ပြန်သည်။

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသကျော်ရွာတွင် ယနေ့ နံနက် ၅နာရီခွဲအချိန်၌ အကြမ်းဖက်တပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF(MinGin)၊ MK PDF-2၊ကနီပြည်သူ့ကာကွယ်ရေးတပ် KPDF-2 ၊KLG PDF၊ ရွှေတြိဂံတပ်ရင်း၊​ရွှေသမင်မုဆိုး၊ မြွေဆိုးနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီဖက်မှ ​သေဆုံးစာရင်းအတိကျမသိရသော်လည်း ၈ဦးထက်မနည်း သေဆုံးနိုင်ကြောင်းတောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF(MinGin)က သတင်းထုတ်ပြန်သည်။

“မအလရဲ့အကြမ်းဖက် စစ်ကောင်စီတပ်များဟာ ကျော်ရွာကျေးရွာကို ပျူသင်တန်းပေးရန် စီစဥ်နေတာဖြစ်ပါတယ်။ကျွန်​တော်တို့အနေနဲ့ အဲ့ဒီပျူစောထီးသင်တန်းကို လုံးဝ လက်မခံနိုင်သည့်အတွက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာပါ။”ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF(MinGin)က အသိပေးသည်။

မင်းကင်းမြို့နယ်နှင့်​တောင်တွင်း​အောက်ပိုင်း​ဒေသများတွင် ပျူ​စောထီး​အား​ကောင်း​သောကျေးရွာများရှိ၍ ပြသာနာရှိ​ကြောင်း​PDF တပ်ဖွဲ့ဝင်အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည်လက်လုပ်တူမီးသေနတ်ကိုသာ အဓိကထားပြီး တိုက်ပွဲဖော်ဆောင်နေရသည့်အတွက် လက်နက်ခလျင်း မညီမျှသဖြင့် နောက်ပြန်ခေါက်ခဲ့ရသော်
လည်းကြောက်ရွံ့ တွန်ဆုတ်သွားမည်မဟုတ်ကြောင်း၊ အကြမ်းဖက်စစ်တပ်သည်ယခုအခါပျားသုံးကျေးရွာတွင်ရောက်ရှိနေပြီး ဒေသခံပြည်သူများ၏ ပစ္စည်းများအား ယူဆောင်ဖျက်ဆီးနေပြီး နေအိမ်အချို့ကိုလည်း မီးရှို့နေကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏တန်ဖိုးကြီးပစ္စည်းများအားဘေးလွတ်လုံခြုံရာသို့ သိမ်းဆည်းပြီးခေတ္တရှောင်ရှားနေထိုင်ကြရန်တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့TDPDF(MinGin)ကအသိပေးမေတ္တာရပ်ခံထားသည်။

ကျော်ရွာအနီးတွင် ယနေ့နံနက်ခင်း၌ ထိတွေ့မှုဖြစ်ပွားပြီးနောက် စစစ်​ကောင်စီတပ်များ၊၊ပျူ​စောထီးများက ပျားသုံးကျေးရွာအစွန်မှ နေအိမ်များ၊ စစ်ရှောင်စခန်းများကို မီးရှို့ခဲ့ကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) KPDF 2 ၊ တပ်ရင်း (၂)မှတာဝန်ရှိသူက​ပြောသည်။

ထို့ပြင် တောင်တွင်းဒေသ အောက်ဘက်မှ စခ၊ ပျူများ သုံးယောက်ပိုး ဆိုင်ကယ် (၁၃)စီးခန့် ကျော်ရွာသို့ တက်လာပြီး အင်အားဖြည့်တင်းထားကြောင်းသိရှိရပါသည်။သို့​သောယ​​နေ့ ည​နေပိုင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိ​ကြောင်းအထက်ပါတာဝန်ရှိသူက ဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။