Connect with us

Hi, what are you looking for?

News

တောင်တွင်း၊ ​ကျော်ရွာတိုက်ပွဲ စစ်​ကောင်စီတပ် ၈ ဦးထက်မနည်း​သေ၊ PDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

မင်းကင်းမြို့နယ်နှင့်​တောင်တွင်း​အောက်ပိုင်း​ဒေသများတွင် ပျူ​စောထီး​အား​ကောင်း​သောကျေးရွာများရှိ၍ ပြသာနာရှိ​ကြောင်း​PDF တပ်ဖွဲ့ဝင်အချို့က​ပြောသည်။

( KPDF 2 တပ်ရင်း (၂).မှတပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်စဥ် ။ ဓါတ်ပုံ-KPDF-2)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကပျူ​စောထီးသင်တန်းပေးရန်စီစဥ်နေသည့် တောင်တွင်းဒေသ ကျော်ရွာကျေးရွာကို ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၈ ဦးထက်မနည်းသေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၂ဦး ကျဆုံးခဲ့ကြောင်း ​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့များကထုတ်ပြန်သည်။

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသကျော်ရွာတွင် ယနေ့ နံနက် ၅နာရီခွဲအချိန်၌ အကြမ်းဖက်တပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF(MinGin)၊ MK PDF-2၊ကနီပြည်သူ့ကာကွယ်ရေးတပ် KPDF-2 ၊KLG PDF၊ ရွှေတြိဂံတပ်ရင်း၊​ရွှေသမင်မုဆိုး၊ မြွေဆိုးနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီဖက်မှ ​သေဆုံးစာရင်းအတိကျမသိရသော်လည်း ၈ဦးထက်မနည်း သေဆုံးနိုင်ကြောင်းတောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF(MinGin)က သတင်းထုတ်ပြန်သည်။

“မအလရဲ့အကြမ်းဖက် စစ်ကောင်စီတပ်များဟာ ကျော်ရွာကျေးရွာကို ပျူသင်တန်းပေးရန် စီစဥ်နေတာဖြစ်ပါတယ်။ကျွန်​တော်တို့အနေနဲ့ အဲ့ဒီပျူစောထီးသင်တန်းကို လုံးဝ လက်မခံနိုင်သည့်အတွက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာပါ။”ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF(MinGin)က အသိပေးသည်။

မင်းကင်းမြို့နယ်နှင့်​တောင်တွင်း​အောက်ပိုင်း​ဒေသများတွင် ပျူ​စောထီး​အား​ကောင်း​သောကျေးရွာများရှိ၍ ပြသာနာရှိ​ကြောင်း​PDF တပ်ဖွဲ့ဝင်အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည်လက်လုပ်တူမီးသေနတ်ကိုသာ အဓိကထားပြီး တိုက်ပွဲဖော်ဆောင်နေရသည့်အတွက် လက်နက်ခလျင်း မညီမျှသဖြင့် နောက်ပြန်ခေါက်ခဲ့ရသော်
လည်းကြောက်ရွံ့ တွန်ဆုတ်သွားမည်မဟုတ်ကြောင်း၊ အကြမ်းဖက်စစ်တပ်သည်ယခုအခါပျားသုံးကျေးရွာတွင်ရောက်ရှိနေပြီး ဒေသခံပြည်သူများ၏ ပစ္စည်းများအား ယူဆောင်ဖျက်ဆီးနေပြီး နေအိမ်အချို့ကိုလည်း မီးရှို့နေကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏တန်ဖိုးကြီးပစ္စည်းများအားဘေးလွတ်လုံခြုံရာသို့ သိမ်းဆည်းပြီးခေတ္တရှောင်ရှားနေထိုင်ကြရန်တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့TDPDF(MinGin)ကအသိပေးမေတ္တာရပ်ခံထားသည်။

ကျော်ရွာအနီးတွင် ယနေ့နံနက်ခင်း၌ ထိတွေ့မှုဖြစ်ပွားပြီးနောက် စစစ်​ကောင်စီတပ်များ၊၊ပျူ​စောထီးများက ပျားသုံးကျေးရွာအစွန်မှ နေအိမ်များ၊ စစ်ရှောင်စခန်းများကို မီးရှို့ခဲ့ကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) KPDF 2 ၊ တပ်ရင်း (၂)မှတာဝန်ရှိသူက​ပြောသည်။

ထို့ပြင် တောင်တွင်းဒေသ အောက်ဘက်မှ စခ၊ ပျူများ သုံးယောက်ပိုး ဆိုင်ကယ် (၁၃)စီးခန့် ကျော်ရွာသို့ တက်လာပြီး အင်အားဖြည့်တင်းထားကြောင်းသိရှိရပါသည်။သို့​သောယ​​နေ့ ည​နေပိုင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိ​ကြောင်းအထက်ပါတာဝန်ရှိသူက ဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။