Connect with us

Hi, what are you looking for?

News

ကပ်ရောဂါကာကွယ်ရေး ပြည်သူများ ရတနသုတ်နေ့စဉ်ရွတ်ရန် စစ်ကောင်စီတိုက်တွန်းချက်ထုတ်ပြန်

စစ်ကောင်စီအနေဖြင့် ကျန်းမာရေးဝန်ထမ်းများအား ဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းများ လုပ်ဆောင်နေသကဲ့သို့ ကပ်ရောဂါကြောင့် အခက်အခဲ ကြုံနေသည့် ပြည်သူလူထုများအပေါ်တွင်လည်း လက်နက်အားကိုး အနိုင်ကျင့်သည့် လုပ်ရပ်များစွာ စဉ်ဆက်မပြတ် လုပ်ဆောင်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်တွင်ရှိသော မိဘပြည်သူများအနေဖြင့် လတ်တလောဖြစ်ပွားနေသော COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ရတနသုတ် ပရိတ်တရားတော်ကို မိမိနေအိမ်တွင် နေ့စဉ်ရွတ်ဖတ်ပူဇော်ကြရန် စစ်ကောင်စီ၏ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော် ချက်ကို စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာ၌ ယနေ့ဖော်ပြခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကလည်း လတ်တ လော ဖြစ်ပွားနေသော ကပ်ရောဂါ အန္တရာယ်မှ ကင်းဝေးစေရန် တိုင်းဒေသကြီး ပြည်နယ်များအတွင်းရှိ ခရိုင်၊ မြို့နယ် ၊ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရတနသုတ်၊ မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်စေရေး အဆင့်ဆင့် အကြောင်းကြား လျှောက်ထားပြီးဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ကိုဗစ်တတိယလှိုင်းအတွင်း ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများထိရောက်စွာ မဆောက်ရွက်နိုင်ခြင်းကြောင့် ပြည်သူလူထုအကြား ရောဂါပြန့်ပွားမှု အလွန်အမင်းတိုးလာနေပြီး သေဆုံးမှုများ အလွန်မြင့်တက်နေချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ ရတနာ့သုတ်ရွတ်ရန် ပြည်သူများအား တိုက်တွန်းချက် ထုတ်ပြန်ခဲ့သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် ကျန်းမာရေးဝန်ထမ်းများအား ဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းများ လုပ်ဆောင်နေသကဲ့သို့ ကပ်ရောဂါကြောင့် အခက်အခဲ ကြုံနေသည့် ပြည်သူလူထုများအပေါ်တွင်လည်း လက်နက်အားကိုး အနိုင်ကျင့်သည့် လုပ်ရပ်များစွာ စဉ်ဆက်မပြတ် လုပ်ဆောင်နေသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။