Connect with us

Hi, what are you looking for?

News

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် CDM ကျန်းမာရေးဝန်ထမ်းများကိုလက်မခံရန် စစ်ကောင်စီဖိအား​ပေး​နေ

မတ်လ ၂၃ ရက်(ယနေ့)တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းရှိ ၊မရှိ စစ်ကောင်စီဘက်က လိုက်လံစစ်ဆေးနေ၍ သတိပြုနေထိုင်ကြရန် ကျန်းမာရေးဝန်ထမ်းတစ်ဦးက သတိပေးသည်။

●ရန်ကုန်တွင်ဒေါက်တာ​ဒေါ်ခင်ခင်ကြီးကိုယ်တိုင်ဦး​ဆောင်၍CDMကျန်းမာ​ရေးဝန်ထမ်းများကိုဖိနှိပ်​နေဟုသတင်းထွက်​ပေါ်​နေပြီးမှော်ဘီ​တော်လှန်​ရေးအင်အားစုကသတိ​ပေး

ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၌ CDM (စစ်​ကောင်စီ၏ အမိန့်များကို အကြမ်းမဖက်ဘဲ အာဏာဖီဆန်​​နေ​သော) ကျန်းမာရေးဝန်းထမ်းများကို လက်ခံထားခြင်းရှိ၊မရှိ အကြမ်း ဖက်စစ်ကောင်စီက ဖိအား​ပေးစစ်ဆေးမှုများပြုလုပ်လာကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါစစ်ဆေးမှုများလုပ်ဆောင်ရာတွင် ရန်ကုန်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများအား ဒေါက်တာခင်ခင်ကြီးက ဦးဆောင်စစ်ဆေးနေပြီး မန္တလေးမြို့တွင်လည်း စစ်ကောင်စီမှ အလာတူ ဖိအား​ပေးစစ်​ဆေး​နေ​ကြောင်းသိ့ရသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက​ဆေးရုံများသို့ ​ဖေ​ဖော်လမှစ၍ ​ရှောင်တခင်စစ်​ဆေး​သောပုံစံဖြင့် စစ်​ကောင်စီတာဝန်​ပေးထား​သော အဖွဲ့က ဝင်​ရောက်စစ်​ဆေး​နေ​ကြောင်းကျန်းမာ​​ရေးဝန်ထမ်းအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“ပြီးခဲ့တဲ့ရက်က ဝိတိုရိယဝင်တယ်ပြောတယ်”ဟုဆရာဝန်တစ်ဦးက ပြောသည်။
မန္တလေးမြို့တွင်လည်း CDM ကျန်းမာရေးဝန် ထမ်းများ၏ အချက်အလက်များကို စစ်ကောင် စီက လိုက်လံကောက်ယူလျက်ရှိရာ ပြီးခဲ့သည့်ရက်ပိုင်းက နာမည်ကြီးပုဂ္ဂလိကဆေးရုံတစ်ခုရှိ အထူးကုဆရာဝန်ကြီးများစာရင်းကို စစ်ကောင် စီက ဆေးရုံ၊ ဆေးခန်းပိုင်ရှင်များထံ တောင်ယူ ခဲ့သည်ဟု မန္တလေးကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေးမြို့တွင် ပုဂ္ဂလိကအထူးကုဆရာဝန်ကြီးများ၏ အကူအတွက်​ခေါ် ယူ​သောဆရာဝန်များတွင်ပင် CDM ဆရာဝန်များပါ၊မပါစာရင်းများ​တောင်းယူစစ်​ဆေး​နေသည်။

“အကူခေါ်ရင်တောင် CDM ဆရာဝန်ဆိုမခေါ်ရဘူး”ဟု ဆရာဝန်တစ်ဦးကပြောသည်။

ထိုအပြင်မန္တ​လေးမြို့ရှိပုဂ္ဂလိက​ဆေးရုံများတွင် ထိ့ခိုက်ဒဏ်ရာရရှိပြီး​ဆေးရုံ​ရောက်လာသူများ၏ လူနာစာရင်းများကိုလည်းစစ်​ကောင်စီက ၎င်းတို့ထံပုံမှန်ပို့​ပေးရန် ဖိအား​ပေးထား​ကြောင်းလည်းကျန်းမာ​ရေးဝန်ထမ်းအချို့ထံမှ သိ့ရသည်။

မတ်လ ၂၃ ရက်(ယနေ့)တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းရှိ ၊မရှိ စစ်ကောင်စီဘက်က လိုက်လံစစ်ဆေးနေ၍ သတိပြုနေထိုင်ကြရန် ကျန်းမာရေးဝန်ထမ်းတစ်ဦးက သတိပေးသည်။

အထက်ပါဖြစ်စဥ်များတွင် အရပ်သားအစိုးရလက်ထက်၌ကျန်းမာရေးဝန်ကြီးဌာန၌ ဒုတိ ယညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်၊ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍လူသိများလာသည့်ဒေါက်တာခင်ခင်ကြီးကိုယ်တိုင်ဦးဆောင်ပါဝင်နေကြောင်း သတင်းများကျယ်ပြန့်စွာထွက်ပေါ်လျက်ရှိသည်။

ထို့ကြောင့် ဒေါ်ခင်ခင်ကြီး၏ CDM ကျန်းမာ ရေးဝန်ထမ်းများနှင့်ပတ်သက်သည့် လုပ်ရပ်များရပ်တန်းကရပ်ရန် သတိပေးစာတစ်စောင်ကို မှော်ဘီတော်လှန်ရေးအင်အားစုက မတ် ၂၃တွင် ထုတ်ပြန်သတိပေးလိုက်သည်။သို့​သော် ​ဒေါက်တာ​ဒေါ်ခင်ခင်ကြီးကိုယ်တိုင် ရန်ကုန်တွင်​ဆေးရုံများ၌ CDM ကျန်းမာ​ရေးဝန်ထမ်းများခန့်အပ်ထားခြင်းရှိ ၊မရှိ လိုက်လံစစ်​ဆေးဖိနှိပ်​နေခြင်းဟုတ် ၊မဟုတ်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

​မှော်ဘီ​တော်လှန်​ရေးအင်အားစု၏ သတိပေးစာအရဒေါ်ခင်ခင်ကြီးသည် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် CDM များကို လက်ခံထားခြင်းရှိမရှိ မေးမြန်းခြင်း၊ CDM များနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များစု​ဆောင်းခြင်း၊ ရပ်ကွက်ရုံးများအထိ CDM များ၏ အမည်စာရင်းပေးပို့ကာ ဧည့်စာရင်းတွင် ယင်းနာမည်များပါဝင်ခြင်းရှိ၊မရှိ ရှာ​ဖွေခိုင်းခြင်းနှင့် ဘဏ်များတွင်လည်း CDM များ၏ မှတ်ပုံတင်ပေးပို့ကာအကောင့်စစ်ဆေးခိုင်းခြင်းများ လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။ ထို​ကြောင့်စစ်​ကောင်စီမှ ဗိုလ်မှူးတစ်ဦး၏ ဇနီးလည်းဖြစ်​သော ​ဒေါက်တာ​ဒေါ်ခင်ခင်ကြီးကို လုပ်ရပ်များရပ်တန့်က ရပ်ရန် ​မှော်ဘီ​တော်လှန်​ရေးအင်အားစုက သတိ​ပေးထားသည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။