Connect with us

Hi, what are you looking for?

LuduNwayOo

News

ပခုက္ကူတွင် မြန်မာဘီယာ​ရောင်းချသည့်ဆိုင်နှင့် ​လောင်းကစားပြုလုပ်သည့်​နေအိမ်ကို ပြည်သူ့ကာကွယ်​ရေးတပ်များ ဝင်​ရောက်စစ်​ဆေး

“ဒလန်သတင်းပေးလို့ နာမည်ထွက်နေတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။”ဟု Earthquake People’s Defence Force (UG)က အသိပေးသည်။

▪️ဘီယာများအားဖျက်ဆီးပြီး ​လောင်းကစားပြုလုပ်သည့်​နေအိမ်မှ ကားနှစ်စီးကို ​တော်လှန်​ရေးအသုံးပြုရန်သိမ်းဆည်း

မကွေးတိုင်း ပခုက္ကူမြို့တွင် စစ်ကောင်စီထောက်တိုင် မြန်မာဘီယာရောင်းချသည့်ဆိုင်တစ်ဆိုင်နှင့် လောင်းကစားလုပ်သည့်အိမ်တစ်အိမ်အား ဝင်ရောက်စစ်ဆေးခဲ့ပြီး ဘီယာများအားဖျက်ဆီးကာ လောင်းကစားလုပ်သည့်​နေအိမ်မှ ကားနှစ်စီးအား တော်လှန်ရေးအတွက်အသုံးပြုရန် သိမ်းယူခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိ​ပေးထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၂၄ ရက်) ညနေ ၅နာရီခန့်က ထုတ်ပြန်ထားသည့် စည်းမျည်းစည်းကမ်းများအရ ပခုက္ကူမြို့ စက်မှုဇုန် (၆)လမ်းရှိ ဆိုင်တစ်ဆိုင်အားအဖွဲ့သားများမှ ရှောင်တခင်ဝင်ရောက် စစ်ဆေးရာတွင်ရောင်းချခြင်းမပြုရန်တားမြစ်ထားသော စစ်တပ်ထုတ်ကုန်များဖြစ်သည့် Myanmar Beer အပါအဝင် Dagon Beerများ၊ အခြားဆက်စပ်ပစ္စည်းများ ရောင်းချနေခြင်းအားတွေ့ရှိရသဖြင့် အများရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း Earthquake People’s Defence Force (UG)၊UG) နှင့်YoungForce (UG)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက ထုတ်ပြန်သည်။

“ဒလန်သတင်းပေးလို့ နာမည်ထွက်နေတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။”ဟု Earthquake People’s Defence Force (UG)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အတူ အကြမ်းဖက်စစ်ကောင်စီ၏ ကြားပေါက်ရငွေများသည့် စစ်​ကောင်စီထံသို့ လိုင်းကြေးပေး၍ အလောင်းကစားပြုလုပ်နေသည်ဟု သတင်းရသော နေအိမ်အား ဝင်ရောက်စစ်ဆေးရာ အလောင်းကစား အမှန်တကယ်ပြုလုပ်နေကြောင်း တွေ့ရှိရပြီး ဆက်စပ်ပစ္စည်းများနှင့်အတူ ကား(၂)စီးအား သိမ်းဆည်းရရှိခဲ့သည်။

သို့​သော် လူများကိုမူ နောက်နောင်များတွင်(စကစ၊ရဲ)များနှင့် ဘယ်နည်းနဲ့မျှ မပတ်သက်ရန်နှင့်​ဆက်လက်မလုပ်ဆောင်ရန် သတိပေး၍ လွှတ်ပေးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်းအကြိမ်ကြိမ်အသိပေးခဲ့ပြီးဖြစ်ကြောင်း၊ထို့အတူ ဆက်လက်ရောင်းချနေသော ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း စစ်ဆေးတွေ့ရှိပါက ထိုက်သင့်သည့် အပြစ်ဒဏ်များ ကျခံရမည် ဖြစ်ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

သိမ်းဆည်းရရှိသော ပစ္စည်းများအား ကိုယ်ကျိုးမဖက်၊ တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဟုလည်း ကတိသစ္စာပြုပါသည်။ ကျန်ရှိသည့် (စကစ)၏ ထောက်တိုင်များ၊ ငွေစီးဆင်းစေသောနေရာများနှင့် သတင်းပေးဒလန်များနှင့်အတူ ပျူစောထီးများအား ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမည်ဖြစ်ပြီး ထုတ်ပြန်ချက်များအားမလိုက်နာပါကလည်း ပြတ်ပြတ်သားသား အရေးယူ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။