Connect with us

Hi, what are you looking for?

News

ပခုက္ကူတွင် မြန်မာဘီယာ​ရောင်းချသည့်ဆိုင်နှင့် ​လောင်းကစားပြုလုပ်သည့်​နေအိမ်ကို ပြည်သူ့ကာကွယ်​ရေးတပ်များ ဝင်​ရောက်စစ်​ဆေး

“ဒလန်သတင်းပေးလို့ နာမည်ထွက်နေတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။”ဟု Earthquake People’s Defence Force (UG)က အသိပေးသည်။

▪️ဘီယာများအားဖျက်ဆီးပြီး ​လောင်းကစားပြုလုပ်သည့်​နေအိမ်မှ ကားနှစ်စီးကို ​တော်လှန်​ရေးအသုံးပြုရန်သိမ်းဆည်း

မကွေးတိုင်း ပခုက္ကူမြို့တွင် စစ်ကောင်စီထောက်တိုင် မြန်မာဘီယာရောင်းချသည့်ဆိုင်တစ်ဆိုင်နှင့် လောင်းကစားလုပ်သည့်အိမ်တစ်အိမ်အား ဝင်ရောက်စစ်ဆေးခဲ့ပြီး ဘီယာများအားဖျက်ဆီးကာ လောင်းကစားလုပ်သည့်​နေအိမ်မှ ကားနှစ်စီးအား တော်လှန်ရေးအတွက်အသုံးပြုရန် သိမ်းယူခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိ​ပေးထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၂၄ ရက်) ညနေ ၅နာရီခန့်က ထုတ်ပြန်ထားသည့် စည်းမျည်းစည်းကမ်းများအရ ပခုက္ကူမြို့ စက်မှုဇုန် (၆)လမ်းရှိ ဆိုင်တစ်ဆိုင်အားအဖွဲ့သားများမှ ရှောင်တခင်ဝင်ရောက် စစ်ဆေးရာတွင်ရောင်းချခြင်းမပြုရန်တားမြစ်ထားသော စစ်တပ်ထုတ်ကုန်များဖြစ်သည့် Myanmar Beer အပါအဝင် Dagon Beerများ၊ အခြားဆက်စပ်ပစ္စည်းများ ရောင်းချနေခြင်းအားတွေ့ရှိရသဖြင့် အများရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း Earthquake People’s Defence Force (UG)၊UG) နှင့်YoungForce (UG)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက ထုတ်ပြန်သည်။

“ဒလန်သတင်းပေးလို့ နာမည်ထွက်နေတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။”ဟု Earthquake People’s Defence Force (UG)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အတူ အကြမ်းဖက်စစ်ကောင်စီ၏ ကြားပေါက်ရငွေများသည့် စစ်​ကောင်စီထံသို့ လိုင်းကြေးပေး၍ အလောင်းကစားပြုလုပ်နေသည်ဟု သတင်းရသော နေအိမ်အား ဝင်ရောက်စစ်ဆေးရာ အလောင်းကစား အမှန်တကယ်ပြုလုပ်နေကြောင်း တွေ့ရှိရပြီး ဆက်စပ်ပစ္စည်းများနှင့်အတူ ကား(၂)စီးအား သိမ်းဆည်းရရှိခဲ့သည်။

သို့​သော် လူများကိုမူ နောက်နောင်များတွင်(စကစ၊ရဲ)များနှင့် ဘယ်နည်းနဲ့မျှ မပတ်သက်ရန်နှင့်​ဆက်လက်မလုပ်ဆောင်ရန် သတိပေး၍ လွှတ်ပေးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်းအကြိမ်ကြိမ်အသိပေးခဲ့ပြီးဖြစ်ကြောင်း၊ထို့အတူ ဆက်လက်ရောင်းချနေသော ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း စစ်ဆေးတွေ့ရှိပါက ထိုက်သင့်သည့် အပြစ်ဒဏ်များ ကျခံရမည် ဖြစ်ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

သိမ်းဆည်းရရှိသော ပစ္စည်းများအား ကိုယ်ကျိုးမဖက်၊ တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဟုလည်း ကတိသစ္စာပြုပါသည်။ ကျန်ရှိသည့် (စကစ)၏ ထောက်တိုင်များ၊ ငွေစီးဆင်းစေသောနေရာများနှင့် သတင်းပေးဒလန်များနှင့်အတူ ပျူစောထီးများအား ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမည်ဖြစ်ပြီး ထုတ်ပြန်ချက်များအားမလိုက်နာပါကလည်း ပြတ်ပြတ်သားသား အရေးယူ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။