Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျက်ကျခဲ့တဲ့ တရုတ် ခရီးသည်တင် လေယာဉ်ရဲ့ Black Boxတစ်လုံး ရှာတွေ့

Black Boxတွေဟာ လေယာဉ် မတော်တဆမှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် အရေးအကြီးဆုံး ကိရိယာတွေလည်း ဖြစ်ပါတယ်။ တရုတ် ခရီးသည်တင် လေယာဉ် ပျက်ကျမှုရဲ့ အကြောင်းရင်းကို လက်ရှိ အချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပျက်ကျခဲ့တဲ့ ခရီးသည်တင် လေယာဉ်ဆီက အသံသွင်း မှတ်တမ်းကိရိယာကို အမြန်ဆုံး စတင် စစ်ဆေးဖို့ စီစဉ်နေကြောင်း တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

အခု သီတင်းပတ်ထဲမှာ Eastern China လေကြောင်းလိုင်းရဲ့ လူပေါင်း ၁၃၂ ဦး လိုက်ပါလာတဲ့ လေယာဉ်ဟာ နိုင်ငံတောင်ပိုင်း၊ ဝူဇူးမြို့က တောင်စောင်း တစ်နေရာကို ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၂၃ ဦးနဲ့ အမှုထမ်း ၉ ဦး လိုက်ပါသွားပြီး အသက်ရှင် ကျန်ရစ်သူ မရှိနိုင်ဘူးလို့ ကယ်ဆယ်ရေးတွေက အတည်ပြုထားပါတယ်။

မတ်လ ၂၃ ရက်ကစလို့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ လေယာဉ် ပျက်ကျရာ နေရာတဝိုက်မှာ လူသား ရုပ်အလောင်း အကြွင်းအကျန်တွေ တွေ့ရှိနေပြီလို့ အတည်ပြု ကြေညာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ လေယာဉ်ရဲ့ Black Box နှစ်လုံးထဲက လေယာဉ်မှူးအခန်း အသံသွင်း မှတ်တမ်းတင် ကိရိယာကိုလည်း ရှာတွေ့ခဲ့ပါတယ်။

လေယာဉ်ဟာ တောင်စောင်းကို တိုက်မိပြီး မီးလောင်သွားပေမယ့် အသံသွင်း မှတ်တမ်းတင် ကိရိယာက အပျက်အစီး သိပ်မရှိဘဲ အခြေအနေ အတော်လေး ကောင်းနေသေးတယ်လို့ သိရပါတယ်။ အခုအခါမှာ ကယ်ဆယ်ရေး အဖွဲ့ဟာ ရွှံ့ထူတဲ့ ဧရိယာမှာ တစ်စစီ ပျံ့ကြဲသွားတဲ့ လေယာဉ် အပျက်အစီးတွေကြားမှာ ဒုတိယ Black Boxဖြစ်တဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကို လိုက်ရှာနေပါတယ်။

Public Service Announcement

Public Service Announcement

Black Boxတွေဟာ လေယာဉ် မတော်တဆမှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် အရေးအကြီးဆုံး ကိရိယာတွေလည်း ဖြစ်ပါတယ်။ တရုတ် ခရီးသည်တင် လေယာဉ် ပျက်ကျမှုရဲ့ အကြောင်းရင်းကို လက်ရှိ အချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တရုတ်ဟာ ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဆုံး လေကြောင်း မတော်တဆမှုနဲ့ ကြုံခဲ့တာပါ။ တရုတ်မှာ လူအသေအပျောက် ရှိတဲ့ ခရီးသည်တင် လေယာဉ် ပျက်ကျမှုဟာ ၂၀၁၀ ပြည့်နှစ်က ဖြစ်ခဲ့ပြီး ဟူနန် လေကြောင်းလိုင်းပိုင် လေယာဉ် မတော်တဆမှုမှာ လူ ၄၄ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မနှစ်တုန်းက ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို ရန်လို ဖိအားပေးရင်း တရုတ် သင်္ဘောနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ် ဆိုတာကို တရုတ်က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်မှာ လူ ၁ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။