Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပျက်ကျခဲ့တဲ့ တရုတ် ခရီးသည်တင် လေယာဉ်ရဲ့ Black Boxတစ်လုံး ရှာတွေ့

Black Boxတွေဟာ လေယာဉ် မတော်တဆမှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် အရေးအကြီးဆုံး ကိရိယာတွေလည်း ဖြစ်ပါတယ်။ တရုတ် ခရီးသည်တင် လေယာဉ် ပျက်ကျမှုရဲ့ အကြောင်းရင်းကို လက်ရှိ အချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပျက်ကျခဲ့တဲ့ ခရီးသည်တင် လေယာဉ်ဆီက အသံသွင်း မှတ်တမ်းကိရိယာကို အမြန်ဆုံး စတင် စစ်ဆေးဖို့ စီစဉ်နေကြောင်း တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

အခု သီတင်းပတ်ထဲမှာ Eastern China လေကြောင်းလိုင်းရဲ့ လူပေါင်း ၁၃၂ ဦး လိုက်ပါလာတဲ့ လေယာဉ်ဟာ နိုင်ငံတောင်ပိုင်း၊ ဝူဇူးမြို့က တောင်စောင်း တစ်နေရာကို ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၂၃ ဦးနဲ့ အမှုထမ်း ၉ ဦး လိုက်ပါသွားပြီး အသက်ရှင် ကျန်ရစ်သူ မရှိနိုင်ဘူးလို့ ကယ်ဆယ်ရေးတွေက အတည်ပြုထားပါတယ်။

မတ်လ ၂၃ ရက်ကစလို့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ လေယာဉ် ပျက်ကျရာ နေရာတဝိုက်မှာ လူသား ရုပ်အလောင်း အကြွင်းအကျန်တွေ တွေ့ရှိနေပြီလို့ အတည်ပြု ကြေညာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ လေယာဉ်ရဲ့ Black Box နှစ်လုံးထဲက လေယာဉ်မှူးအခန်း အသံသွင်း မှတ်တမ်းတင် ကိရိယာကိုလည်း ရှာတွေ့ခဲ့ပါတယ်။

လေယာဉ်ဟာ တောင်စောင်းကို တိုက်မိပြီး မီးလောင်သွားပေမယ့် အသံသွင်း မှတ်တမ်းတင် ကိရိယာက အပျက်အစီး သိပ်မရှိဘဲ အခြေအနေ အတော်လေး ကောင်းနေသေးတယ်လို့ သိရပါတယ်။ အခုအခါမှာ ကယ်ဆယ်ရေး အဖွဲ့ဟာ ရွှံ့ထူတဲ့ ဧရိယာမှာ တစ်စစီ ပျံ့ကြဲသွားတဲ့ လေယာဉ် အပျက်အစီးတွေကြားမှာ ဒုတိယ Black Boxဖြစ်တဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကို လိုက်ရှာနေပါတယ်။

Public Service Announcement

Public Service Announcement

Black Boxတွေဟာ လေယာဉ် မတော်တဆမှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် အရေးအကြီးဆုံး ကိရိယာတွေလည်း ဖြစ်ပါတယ်။ တရုတ် ခရီးသည်တင် လေယာဉ် ပျက်ကျမှုရဲ့ အကြောင်းရင်းကို လက်ရှိ အချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တရုတ်ဟာ ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဆုံး လေကြောင်း မတော်တဆမှုနဲ့ ကြုံခဲ့တာပါ။ တရုတ်မှာ လူအသေအပျောက် ရှိတဲ့ ခရီးသည်တင် လေယာဉ် ပျက်ကျမှုဟာ ၂၀၁၀ ပြည့်နှစ်က ဖြစ်ခဲ့ပြီး ဟူနန် လေကြောင်းလိုင်းပိုင် လေယာဉ် မတော်တဆမှုမှာ လူ ၄၄ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။