Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီကအမှုရင်ဆိုင်​နေဆဲ ရာဇဝတ်သား​တွေလွှတ်ပေး​​သော်လည်း ​နိုင်ငံ​ရေးအကျဥ်းသား​တွေကို လွှတ်မ​ပေး

လူဆိုး၊ လူမိုက်တွေကို ပြန်လွှတ်မယ်တဲ့”လို့ စစ်​ကောင်စီရဲ့ ​ဆောင်ရွက် မှုအ​ပေါ် ပြည်သူတစ်ဦး ​ဖေစ်ဘွခ်တွင်​ရေးသားမှတ်ချက်ပြုထားပါတယ်။

အာဏာသိမ်းစစ်​ကောင်စီက အာဏာမသိမ်းခင် ​ဖေ​ဖော်ဝါရီ ၁ ရက်မတိုင်ခင်မှာ ပြစ်မှုကျူးလွန်ထားပြီး တရားရုံး​တွေမှာတရားရင်ဆိုင်​နေရတဲ့ မူးယစ်​ဆေးမှု ၊ လက်နက်မှု၊ပြည်တန်ဆာမှု ၊​လောင်းကစားမှု စတဲ့အမှု အားလုံးကိုပိတ်သိမ်း​ပေးမယ်လို့​ကြေညာ​ပေမယ့် ၊အာဏာသိမ်းပြီး​နောက်ပိုင်းမတရား ဖမ်းဆီး၊​တရားစွဲဆို​ထောင်ချခဲ့​နေရတဲ့ ​အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ​ရေးသမား​တွေ၊ ကျန်းမာ​ရေးဝန်ထမ်း​တွေ ၊ ​ကျောင်းသားလူငယ်​တွေရဲ့အမှု ​တွေကို​တော့ ရုပ်သိမ်း​ပေးခြင်းမရှိပါဘူး။

ရာဇဝတ်မှု​​တွေကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆွဲ ခံရသူ​တွေကို ​လွတ်ငြိမ်းခွင့်​ပေးပြီး အာဏာသိမ်းပြီး​နောက်ပိုင်း မတရားဖမ်းဆီး​ထောင်ချခံရတဲ့ နိုင်ငံ​ရေးသမား​တွေ ၊ကျန်းမာ​ရေးဝန်ထမ်း​တွေ ၊စာ​​ရေးဆရာ​တွေ၊တက်ကြွလှုပ်ရှားသူတွေ ၊ ​ကျောင်းသား​တွေ စတဲ့ နိုင်ငံ​ရေးအကျဥ်းသား​တွေ ကိုကြ နိုင်ငံတကာက ပြန်လွှတ်ဖို့​တောင်းဆို​ဖိအား​ပေး​နေ​ပေမယ့် စစ်​ကောင်စီက လွတ်ငြိမ်းခွင့်မ​ပေးတာဟာ ၊အာဏာသိမ်းမှုဆန့်ကျင်သူ​တွေအ​ပေါ် စစ်​ကောင်စီက အညှိုးတကြီးဖိနှိပ်​နေတာ ပိုမို​ပေါ်လွင်​နေပါတယ်။

“ပညာတတ်တွေ လူကောင်းတွေ အနာဂတ်လူငယ်တွေကို ထောင်ထဲထပ် ထည့်ဖို့ သူခိုး ၊ဂျပိုး ၊လူဆိုး၊ လူမိုက်တွေကို ပြန်လွှတ်မယ်တဲ့”လို့ စစ်​ကောင်စီရဲ့ ​ဆောင်ရွက် မှုအ​ပေါ် ပြည်သူတစ်ဦး ​ဖေစ်ဘွခ်တွင်​ရေးသားမှတ်ချက်ပြုထားပါတယ်။


၂၀၂၀ ​ရွေး​ကောက်ပွဲ ဝင်ပြိုင်ခဲ့တဲ့ အမတ်​လောင်းတစ်ဦးကလည်း “တရားရေးမဏ္ဍိုင် ဘုန်းဘုန်းလဲ လေပြီ” လို့​ရေးသားထားပါတယ် ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။