Connect with us

Hi, what are you looking for?

News

ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos မြန်မာကနေ ထွက်ခွာမယ်

မြန်မာနိုင်ငံကနေထွက်ခွာဖို့အတွက် ဖြစ်နိုင်ခြေမှန်သမျှကို စီးပွားရေးမိတ်ဖက်တွေနဲ့ဆွေးနွေးခဲ့တယ်လို့ Eneos ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကြောင့် ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos ဟာ ရတနာဓာတ်ငွေ့စီမံကိန်းကနေထွက်ခွာတော့မယ်လို့ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံကနေ မလေးရှား ပီထရိုနမ် ၊ ဂျပန် မစ်ဆူဘီရှီ တို့ထွက်ခွာပြီးနောက် Eneos ကလည်းကျောခိုင်းဖို့ဆုံးဖြတ်လိုက်တာပါ။

မြန်မာနိုင်ငံကနေထွက်ခွာဖို့အတွက် ဖြစ်နိုင်ခြေမှန်သမျှကို စီးပွားရေးမိတ်ဖက်တွေနဲ့ဆွေးနွေးခဲ့တယ်လို့ Eneos ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေဟာ ထွက်ခွာနေကြတာပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လပိုင်းကဆို ပြင်သစ် တိုတယ် ၊ အမေရိကန် ရှက်ဗရွန် တို့ထွက်ခွာသွားကြပြီး တိုတယ်ရဲ့ အစုရှယ်ယာတွေကို ထိုင်းအစိုးရပိုင် PTTEP က လွှဲပြောင်းရယူမယ်လို့သိရပါတယ်။

ကိုးကား − CNA

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။