Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း တစ်နိုင်ငံလုံးကို သိမ်းပိုက်မယ့် ရုရှားရဲ့ ရည်မှန်းချက် ပျက်ပြယ်သွားပြီလို့ ယုံကြည်ရ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်းမှာ ပြုလုပ်တဲ့ အထူးစစ်ဆင်ရေးရဲ့ မူလ ရည်မှန်းချက် ပြည့်မြောက်သွားပြီဖြစ်ပြီး ယူကရိန်းမှာ ရုရှားရဲ့ စစ်အင်အားကို စတင် လျှော့ချတော့မယ်လို့ ဆိုပါတယ်။ ရုရှားက ယူကရိန်းမှာ စစ်ပွဲ ဆင်နွှဲခဲ့ခြင်းဟာ ရုရှားအနွယ်ဝင်တွေ ပေါများရာ ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေ လွတ်လပ်ရေး ရစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်း စစ်ပွဲရဲ့ ရည်မှန်းချက် ပထမအဆင့် ပြီးမြောက် အောင်မြင်သွားပြီလို့ ရုရှား အစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ စစ်ပွဲကို စောင့်ကြည့် လေ့လာသူတွေက ရုရှားဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို သိမ်းပိုက်မယ့် အကြံအစည်ကို စွန့်လွှတ်ပြီး မဟာဗျူဟာ အခင်းအကျင်း ပြောင်းလဲလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်းမှာ ပြုလုပ်တဲ့ အထူးစစ်ဆင်ရေးရဲ့ မူလ ရည်မှန်းချက် ပြည့်မြောက်သွားပြီဖြစ်ပြီး ယူကရိန်းမှာ ရုရှားရဲ့ စစ်အင်အားကို စတင် လျှော့ချတော့မယ်လို့ ဆိုပါတယ်။ ရုရှားက ယူကရိန်းမှာ စစ်ပွဲ ဆင်နွှဲခဲ့ခြင်းဟာ ရုရှားအနွယ်ဝင်တွေ ပေါများရာ ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေ လွတ်လပ်ရေး ရစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ဒွန်းဘက်စ်နဲ့ လူဟန့်စ်ခ် အပါအဝင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒေသတွေမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဧရိယာ ၉၃ ရာခိုင်နှုန်းလောက် ရှိနေပြီလို့ ရုရှားက ကြေညာပါတယ်။ အခုအခါ စစ်ပွဲရဲ့ ပထမ ဦးစားပေး ရည်မှန်းချက်ဟာ အထမြောက် အောင်မြင်သွားပြီး ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေ လွတ်လပ်ရေး ရခဲ့ပြီလို့ ဗဟို စစ်ရေး ကွပ်ကဲမှု ဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာဂျီ ရူဒ်စကွိုင်က ဆိုပါတယ်။

ဒါပေမဲ့ NATOနဲ့ အနောက်အုပ်စု မဟာမိတ်တွေကတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်း တစ်နိုင်ငံလုံးကို သိမ်းယူ၊ လက်ရှိ အစိုးရကို ဖြုတ်ချပြီး သူ့အလိုကျ ကြိုးဆွဲရာကမယ့် ရုပ်သေး အစိုးရတစ်ရပ် တင်မြှောက်ချင်တဲ့ ရည်မှန်းချက်ကို စွန့်ခွာလိုက်ရတာသာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ တစ်လကျော် ကြာမြင့်လာတဲ့ထိ ယူကရိန်းရဲ့ ကြံ့ကြံ့ခံ တွန်းလှန်မှုတွေကြောင့် ရုရှားစစ်တပ်ဟာ အဓိက မြို့ကြီးတွေကို မသိမ်းပိုက်နိုင်ခဲ့သလို ကိယက်ဗ်ထိလည်း မချီတက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ယူကရိန်း အရှေ့ပိုင်းကိုသာ ထိန်းချုပ်ဖို့ ရည်မှန်းချက် ပြောင်းလဲလိုက်ရတာ ဖြစ်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ရူစ်ဒ်ကွိုင်က အခုအခါမှာ ယူကရိန်း စစ်တပ်ရဲ့ တိုက်ပွဲဝင်နိုင်စွမ်းဟာ သိသိသာသာ လျော့ကျသွားပြီဖြစ်ကြောင်း၊ ဒါကြောင့် ရုရှားဟာ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ဒွန်းဘက်စ် လွတ်မြောက်ရေးကို ပိုမို အာရုံစိုက်လာနိုင်ကြောင်း ပြောပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ သူ့ရဲ့ တပ်တွေဟာ ရုရှားကို အကြီးအကျယ် အထိနာအောင် တွန်းလှန်နိုင်ခဲ့ကြောင်း ကြွေးကြော်လိုက်ပြီး အခုဆိုရင် ရုရှားဟာ စစ်ပွဲ ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသည်းအသန် လိုအပ်နေပြီမှန်း သေချာ သိသွားလောက်ပြီလို့ ဆိုပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျူးကျော်စစ် စတင်ကတည်းက မြို့တော် ကိယက်ဗ်ကို သိမ်းပိုက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ရုရှားတပ်တွေက ကိယက်ဗ်ကို ဝန်းရံပိတ်ဆို့ဖို့ အားထုတ်ခဲ့ပေမယ့်လည်း ယူကရိန်း စစ်တပ်ရဲ့ အားကောင်းတဲ့ တုံ့ပြန်မှုတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။ အခုဆိုရင် ထောင်နဲ့ချီ များပြားတဲ့ ရုရှား စစ်သားတွေဟာ ယူကရိန်းတပ်တွေ ပြန်ဝိုင်းတာကို ခံနေရပါပြီ။

ခုခံစစ်ပွဲကို လက်တွေ့ကျကျ ဦးဆောင် ကွပ်ကဲနေတဲ့ ယူကရိန်း ဗိုလ်ချုပ်ကြီး အန်ဒရီ ယာမက်ခ်ကတော့ ရုရှားဟာ ယူကရိန်း တစ်နိုင်ငံလုံးကို သိမ်းပိုက်မယ့် အစီအစဉ်ကို တကယ်ပဲ လက်လျှော့လိုက်ပြီလား ဆိုတဲ့အပေါ် သတိကြီးကြီးနဲ့ စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။ တကယ်တမ်း စစ်ပွဲ အဆုံးမသတ်သေးခင် ဘာကိုမှ ယတိပြတ် ကောက်ချက်ချလို့ မရကြောင်း၊ ယူကရိန်းဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်တပ်တစ်ခုနဲ့ ရင်ဆိုင်နေရတာဖြစ်ကြောင်း ယာမက်ခ်က သတိပေးသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook