Connect with us

Hi, what are you looking for?

News

မြင်းခြံမြို့နယ် ​ဖောင်းကားရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် သံဃာ​တော်တစ်ပါး ပျံလွန်​တော်မူ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဗလုံးကျေးရွာအုပ်စု ဖောင်းကား​ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၉ ရက်)တွင် သံဃာတော်တစ်ပါး သတ် ဖြတ်ခံရခြင်းကိစ္စနှင့်ပတ်သက်၍ အသိပေးကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် မတ်လ၂၆ရက်ည ၈နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဖောင်းကားရွာတောင်ပိုင်းရှိ လည်ပေါ်ကျောင်းသို့ ဝင်ရောက်လာပြီး ဦးဇင်းဖိုးသိန်း သီတင်းသုံးနေသည့် ကျောင်းဆောင်ပတ်လည်တွင် လက်နက်အပြည့်စုံနှင့် ဝိုင်းထားခဲ့ကြောင်း၊ ကျောင်းအား ပတ်ပတ်လည်ပစ်ခတ်ခဲ့ကြပြီး ဦးဇင်ဖိုးသိန်း ပျံလွန်တော်မူသွားခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ရေးသားထားသည်။

မြင်းခြံမြို့နယ် ဖုံရွာဇာတိဖြစ်သည့် သက်တော်(၅၃)နှစ်အရွယ် ဦးဇင်းဖိုးသိန်းသည် ဖောင်းကားရွာ တောင်ပိုင်း လည်ပေါ်ကျောင်းတွင် သီတင်းသုံးနေသည့် သံဃာတော်တစ်ပါးဖြစ်ကြောင်း၊ ဦးဇင်းဖိုးသိန်းသည် စစ်အာဏာ ရှင်စနစ်ကို မနှစ်သက်သူဖြစ်ပြီး ၎င်းနေထိုင်ရာကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သားများ လာရောက်ခြင်းမပြုရန်နှင့် သေနတ်‌မဖောက်ရန် မိန့်ကြားခဲ့ဖူးကြောင်း၊ လွန်ခဲ့သည့် တစ်ပတ်ခန့်က ရသာရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်သည် ဖောင်းကားရွာသို့ သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့ပြီး ဦးဇင်းဖိုးသိန်း သီတင်းသုံးနေသည့် သာသနာ့နယ်မြေကျောင်းဝင်း သေနတ်ပစ်ဖောက်ဝင်လာခဲ့ကြောင်း ​ဖော်ပြထားသည်။

ထိူ့အပြင် ဦးဇင်းဖိုးသိန်းသည် သေနတ်ပစ်ဖောက်ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားကို ဓါးဖြင့်ခုတ်ခဲ့ဖူးပြီး စစ်ကောင်စီတပ်သား လည်ပင်း အနည်းငယ်ထိခိုက် ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည်အထိ မဖြစ်ခဲ့ကြောင်း၊ ခွင့်မတောင်းဘဲ သေနတ်ပစ်ဖောက်ပြီး ဘုန်းကြီးကျောင်းအတွင်း ဝင်မိသည့်အတွက် စစ်ကောင်စီတပ်သားက တောင်းပန်ခဲ့ရာက အဆင်ပြေ‌ပြေနှင့် ပြီးဆုံးခဲ့ကြောင်း၊ ထို့​နောက် မတ်လ ၂၆ ရက် ညကထပ်မံဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ရေးသားထားသည်။

“ဦးဇင်းဖိုးသိန်းသည် အုတ်တိုက်ကျောင်းအုတ်နံရံ အပေါက်​က အပြင်ကိုလှမ်းကြည့်မိတဲ့ အခါမှာတော့ သေနတ်သံတစ်ချက် ဒိန်းကနဲပေါ်လာပြီး စစ်ကောင်စီတပ်သားတွေက ဦးဇင်းဖိုးသိန်းရဲ့ ကျောင်းတိုက်တံခါးပေါက်ကို သေနတ်နဲ့ဆက်တိုက်ပစ်ခတ်ခဲ့ကြပါတယ်။ ကျောင်းတိုက်တံခါးပွင့်လာချိန်မှာတော့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝန်းထဲမှ သေနတ်သံမကြားချင်ခဲ့တဲ့ ဦးဇင်းဖိုးသိန်းရဲ့ ရုပ်အလောင်းဟာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝန်းထဲက သူသီတင်းသုံးနေတဲ့ ကျောင်းတိုက်တံခါးပေါက်ဝမှာ သေနတ်ဒဏ်ရာတွေနဲ့ အရုပ်ကြိုးပြတ် ပျံလွန်တော်မူခဲ့ရပါတယ်”ဟု
မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

Public Service Announcement

Public Service Announcement

ဆွေမျိုးများက ဦးဇင်းဖိုးသိန်းခန္ဓာတော်အား ညတွင်း ချင်းဆေးရုံပို့ခဲ့ကြပြီး စစ်တပ်က ၎င်းတို့အားပြန်လွှတ်ခဲ့ကြောင်း၊ နောက်တစ်နေ့နံနက် ဦးဇင်းခန္ဓာတော်သွားရောက်ထုတ်စဥ် စစ်တပ်ကထုတ်သွားပြီဟု ပြောကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

ရသာ၊ဖုံရွာနှင့် ဖောင်းကားရွာများသည် ဗလုံကျေးရွာ အုပ်စုတွင် ပါဝင်ပြီး ရသာကျေးရွာ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်သား၂၀ခန့် တပ်စွဲထားကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း ညောင်တိုရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်သည် ဒေသခံရွာသားနှစ်ဦးအား ရိုက်နှက်သတ်ဖြတ်ခဲ့ကြကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးထားသည်။
“ဗလုံရွာမှာလည်း စစ်သားတွေနဲ့ ရွာသူတွေမြင်မကောင်းဘူး။ အဲရွာမှာ သတင်းပေးပေါတယ်။မျက်နှာလို မျက်နှာရ စခတွေကို သူတို့ကြောင့်ပိုဆိုးနေတာ။

ရန်ဖြစ်တာတောင် စခကို သွားတိုင်တာ ရွာသားအချင်း ချင်းရိုက်ခံရတယ်။ ဦးအောင်တိုင်ကြတာ။ စခတွေနဲ့ပိုင်တယ်ဆိုပြီး ရွာသူ၊ ရွာသားအချင်းချင်း မတရားအနိုင်ကျင့်ပါတယ်။ ဗလုံရွာမှာ စခတွေကို မြှောက်ပေးနေတာအသားထဲက လောက်ထွက်တွေပါ။ အဲလိုလူတွေကြောင့်လူကောင်းတွေဆုံးရှုံးနေရတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။