Connect with us

Hi, what are you looking for?

News

ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ထားသည့် အာရှလမ်း၌ သွားလာမှုအချို့ဆက်ရှိ

ကရင်အမျိုးသားမီဒီယာ၏ ဖော်ပြချက်တွင် အာရှလမ်း ကော့ကရိတ်ဘက်ခြမ်းရှိ တံတန်ကူးတံတားအနီး ကားကြီး နှစ်စီး၊ ကားငယ်နှစ်စီးကို အမည်မသိအဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း ပါရှိသည်။

(ပစ်ခတ်မှုများ​ကြောင့် သွားလာသည့်ယာဥ်အချို့ ထိခိုက်ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

▪️ပစ်ခတ်မှုများကြောင့် အရပ်သားအချို့ ထိခိုက်ပြီး ယာဉ်အချို့ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်က ဖြတ်သန်းသွာလာခြင်းမပြုရန် မေတ္တာရပ်ခံထားသည့် ကော့ကရိတ်- မြ၀တီ လမ်းပိုင်း၌ ခရီးသွားလာမှုများ ဆက်ရှိနေပြီး ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှု အချို့ရှိသလို ယာဉ်အချို့ ပျက်စီးခဲ့ကြောင်း ကော့ကရိတ်ဒေသခံ တစ်ဦးက ပြော သည်။

(ပစ်ခတ်မှုများ​ကြောင့် သွားလာသည့်ယာဥ်အချို့ ထိခိုက်ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ဓာတ်ပုံ – CJ)

“ခရီးသွားပြည်သူတွေက မလိုက်နာကြတဲ့ သဘောဖြစ်တော့ ဒေသခံလူထုတွေတော့ ကျွန်တော်ကြား သိသ လောက် ထိခိုက်တာတွေရှိတယ်။ ယာဉ်တွေပျက်စီးမှုတွေ အနည်းအကျဉ်းရှိတယ်။ စကစဘက်ကလည်း အရပ်ကားတွေ အသုံးပြုပြီးတော့ အရပ်ဝတ်နဲ့ သွားလာနေကြတယ်ဆိုတော့ အဲဒါလူမှားပြီးတော့ ပစ်ခတ်တာတို့ နှစ်ဖက်စစ်တပ်က ဝိုင်းပစ်တာတို့ အဲဒီလိုပုံစံလေး ဖြစ်ပေါ်နေတဲ့ အနေအထားတစ်ခုမှာ လူထုတွေကတော့ ထိခိုက်နစ်နာမှုရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

(ပစ်ခတ်မှုများ​ကြောင့် သွားလာသည့်ယာဥ်အချို့ ထိခိုက်ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ဓာတ်ပုံ – CJ)

ကရင်အမျိုးသားမီဒီယာ၏ ဖော်ပြချက်တွင် အာရှလမ်း ကော့ကရိတ်ဘက်ခြမ်းရှိ တံတန်ကူးတံတားအနီး ကားကြီး နှစ်စီး၊ ကားငယ်နှစ်စီးကို အမည်မသိအဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း ပါရှိသည်။

Public Service Announcement

Public Service Announcement

“ပြည်သူလူထုကို ပြောကြားချင်တာက ဒီလိုမျိုး ထုတ်ပြန် ကြေညာချက်ကို အားလုံးလိုက်နာဖို့လည်း အဓိက လိုအပ်ချက်ရှိတယ်”ဟု ဒေသခံက ပြောသည်။

(ပစ်ခတ်မှုများ​ကြောင့် သွားလာသည့်ယာဥ်အချို့ ထိခိုက်ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ဓာတ်ပုံ – CJ)

ကော့ကရိတ်အပါအဝင် KNU တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းထိုးစစ်ဆင်နေ၍ KNU ဦးဆောင်သည့် ပူးပေါင်းတပ်များဖြင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

“တင်းမာနေဆဲ အချိန်မရွေး ဖြစ်နိုင်တယ်။ တိုက်ပွဲက ဆက်ဖြစ်ဖို့ပဲများနေတယ်”ဟု ကော့ကရိတ်ဒေသခံက ယနေ့ ကော့ကရိတ်ဒေသ စစ်ရေးအခြေအနေကို ပြော သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။