Connect with us

Hi, what are you looking for?

News

မြဝတီ – ဝေါ်လေလမ်း၌ တိုက်ပွဲ ဆက်ဖြစ်၍ စစ်ကောင်စီတပ် ​ခြောက်ဦးထပ်သေ

ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဆက်လက်ခုခံ တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြခဲ့သည်။

(မတ်လ၂၇ရက် တိုက်ပွဲတွင် ​လမ်းမထက်၌ သေဆုံး​နေ​သော စစ်​ကောင်စီတပ်သားများကို ​တွေ့ရစဥ်)

▪️သုံးရက်ဆက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၈၀ဦးသေ

ကရင်ပြည်နယ် မြဝတီ – ဝေါ်လေလမ်း၌ ယနေ့ တိုက်ပွဲ ဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ ​ခြောက်ဦးသေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အဆိုပါ လမ်းမကြီးပေါ်ရှိ ပလယ်ဒို ရွာအနီးသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ယနေ့ နေ့လည်ပိုင်းက မိမိတို့ ကော်ဘရာစစ်ကြောင်းမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း ၊ လက်ဖြောင့် စနိုက်ဘာစစ်သည်များ၏ စွမ်းဆောင်မှုဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး​ခြောက်ဦး ထိခိုက်သေဆုံးခဲ့ပြီး မိမိတို့၏ ကော်ဘရာ စစ်ကြောင်းဘက်မှ ထိခိုက်သေဆုံးမှု မရှိခဲ့ဟု ဖော်ပြ သည်။

ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဆက်လက်ခုခံ တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို KNU ဦးဆောင်သည့် ပူးပါင်းတပ်က ခုခံတိုက်ခိုက်ရာ မတ်လ ၂၇ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၆၁ဦး၊ မတ်လ ၂၈ရက်တိုက်ပွဲ၌ ၁၃ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မြန်မာဖက်ခြမ်းက စစ်ရေးတင်းမာမှုတွေကြောင့်နယ်စပ်နားက စာသင်ကျောင်းတစ်ကျောင်းကို ပိတ်ထားလိုက်ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။