Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ်၌ စစ်ကောင်စီတပ် ပဒေသာမိုင်းဆွဲခံရပြီး ယနေ့နံနက်တွင်လည်း တိုက်ပွဲဖြစ်နေ

မိုင်းဆွဲခံရသည့် စစ်ကြောင်းသည် ရွာစဥ်ကျေးရွာ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့် သွားရောက်ပူးပေါင်းခဲ့သည်ကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထောက်လှမ်း သိရှိခဲ့သည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ပဒေသာမိုင်းဆွဲခံရပြီး ၁၀ဦးခန့် သေဆုံးနိုင်ကာ ယနေ့နံနက်ပိုင်း အထိ ထိတွေ့မှုများ ရှိနေသည်ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

မတ်လ ၂၉ ရက် နေ့လယ်က ရှားလွင်ရွာဘက်သို့ အင်အား ၃၉ဦးဖြင့် အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးလာစဥ် မိုင်းဆွဲခဲ့ခြင်းဟု ၎င်းက ဆိုသည်။

“မျက်မြင်ရဲဘော်တွေ အဆိုအရ ဆို ဒီထက်တောင်ပို နိုင်တယ်။ဒါ ကျွန်တော်တို့ လည်း အကြမ်း ဖျင်းလောက်ပဲ အတည်ပြုတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲခံရသည့် စစ်ကြောင်းသည် ရွာစဥ်ကျေးရွာ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့် သွားရောက်ပူးပေါင်းခဲ့သည်ကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထောက်လှမ်း သိရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“မနေ့ညက ရွာစဥ်ထဲမှာ တပ်စွဲတယ်။ အင်အားက အကြမ်းဖျင်းဆို ၁၀၀လောက်ရှိတယ်။အဲဒါ မနေ့က ဖြစ်စဥ် မကျေနပ်လို့ ဒီနေ့ ရှားလွင်ရွာကို ဝင်ဖို့လုပ်တာ။အကိုတို့ မိုင်းဆွဲ တိုက်ခိုက် ခဲ့တယ်။သေဆုံး သတင်းအတိအကျ မသိရသေးဘူး”ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ရွာစဥ်ကျေးရွာမှ ဒေသခံနေအိမ်များမီးရှို့ခံထားရပြီး ရှားလွင်ကျေးရွာအတွင်းပါ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီး နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက အသိပေးသည်။

(ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများကို တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။