Connect with us

Hi, what are you looking for?

News

ဒီမောဆိုတွင် စစ်ကောင်စီက စစ်ဘေးရှောင်စခန်းသို့လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရပ်သားတစ်ဦး ထိမှန်၍ စိုးရိမ်ရဟုဆို

တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခြင်းဟု KNDFB-08 သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့တွင် ယနေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်စခန်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ဘေးရှောင်ပြည်သူတစ်ဦး ထိမှန်၍ ဒဏ်ရာရှိခဲ့သည်ဟု KNDF B-8က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁ရက်)နံနက်အစောပိုင်းတွင် ဒီမောဆိုမြို့ အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းနေရာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ခြောက်ကြိမ်ပစ်ခတ်ခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်း(၈)- Karenni Nationalies DefenceForce KNDF B-08 က သတင်းထုတ်ပြန်သည်။

Public Service Announcement

“လက်နက်ကြီးနဲ့ ခြောက်လုံးပစ်တာ။ ဘုရားကျောင်းအနီးကို ကျတဲ့အလုံးမှာ အရပ်သားတစ်ယောက် ထိသွားတယ်။ စိုးရိမ်ရတယ်”ဟု KNDF ရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခြင်းဟု KNDFB-08 သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒီမောဆိုမြို့အပါအဝင် ကရင်နီဒေသကို စစ်ကောင်စီက နည်းမျိုးစုံသုံး၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီအထိနာအောင် ခုခံတိုက်ခိုက်နေသည်။ တိုက်ပွဲများ မကြာခဏ ​ဖြစ်နေ၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေပြီး ပြည်သူလူထုအနေဖြင့် အာရုံစိုက်ကူညီပေးရန် KNDF အပါအဝင် ကရင်နီဒေသအခြေစိုက် ပြည်သူ့ကာကွယ် ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။