Connect with us

Hi, what are you looking for?

News

ဒီမောဆိုတွင် စစ်ကောင်စီက စစ်ဘေးရှောင်စခန်းသို့လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရပ်သားတစ်ဦး ထိမှန်၍ စိုးရိမ်ရဟုဆို

တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခြင်းဟု KNDFB-08 သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့တွင် ယနေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်စခန်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ဘေးရှောင်ပြည်သူတစ်ဦး ထိမှန်၍ ဒဏ်ရာရှိခဲ့သည်ဟု KNDF B-8က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁ရက်)နံနက်အစောပိုင်းတွင် ဒီမောဆိုမြို့ အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းနေရာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ခြောက်ကြိမ်ပစ်ခတ်ခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်း(၈)- Karenni Nationalies DefenceForce KNDF B-08 က သတင်းထုတ်ပြန်သည်။

Public Service Announcement

“လက်နက်ကြီးနဲ့ ခြောက်လုံးပစ်တာ။ ဘုရားကျောင်းအနီးကို ကျတဲ့အလုံးမှာ အရပ်သားတစ်ယောက် ထိသွားတယ်။ စိုးရိမ်ရတယ်”ဟု KNDF ရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခြင်းဟု KNDFB-08 သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒီမောဆိုမြို့အပါအဝင် ကရင်နီဒေသကို စစ်ကောင်စီက နည်းမျိုးစုံသုံး၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီအထိနာအောင် ခုခံတိုက်ခိုက်နေသည်။ တိုက်ပွဲများ မကြာခဏ ​ဖြစ်နေ၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေပြီး ပြည်သူလူထုအနေဖြင့် အာရုံစိုက်ကူညီပေးရန် KNDF အပါအဝင် ကရင်နီဒေသအခြေစိုက် ပြည်သူ့ကာကွယ် ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။