Connect with us

Hi, what are you looking for?

News

တောင်သာမြို့နယ်က စစ်ကောင်စီ​ထောက်တိုင် လုပ်ငန်းရှင်၂၃ဦးအမည်စာရင်း ​ဒေသကာကွယ်​ရေးတပ် ငါးဖွဲ့​ ထုတ်ဖော်

စာရင်းပါစစ်ကောင်စီကျွန်များအား မြေပြင်ရှိ ပြည်သူ့ဘက်တော်သား မည်သူ့အဖွဲ့စည်းမဆို အလျဉ်းသင့်သလို ဝင်ရောက်ဆုံးမပေးနိုင်ပါကြောင်း၊ မိဘပြည်သူများဘက်မှလည်း အဆိုပါဆိုင်များအား အားပေးခြင်း ၊ ဝယ်ယူခြင်း၊ ပတ်သက်ခြင်းများမပြုပါရန် ပြောကြားလိုကြောင်း မဟာမိတ်အဖွဲ့သားများ​​မှ တောင်းဆိုထား သည်။

▪️ပြည်သူ့ဘက်တော်သား မည်သူ့အဖွဲ့စည်းမဆို အလျဉ်းသင့်သလို ဝင်ရောက်ဆုံးမပေးကြရန် ​တောင်းဆို

မန္တလေးတိုင်း တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ၂၃ဦးကို အမည်၊ အလုပ်အကိုင်နှင့်တကွ ထုတ်ဖော်ကြေညာပြီး စစ်တပ်ထောက်တိုင်လုပ်ရပ်များ ရပ်တန်းကရပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ငါးဖွဲ့က သတိပေးသည်။

မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် နေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်အဖြစ် စစ်ကျွန်ခံနေသော လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များအား စစ်ကျွန်အလိုတော်ရိလုပ်ခြင်းမှ ရပ်တန်းက ရပ်စေရန်အလို့ငှာ သတိပေးလိုက်ကြောင်း၊ သတိပေးသည့်ကြားမှဆက်လက်၍ စစ်ကျွန်အားပေးလုပ်ရပ်များ ဆက်လက်လုပ်ဆောင်ပါက အသက်အာမခံထားရှိခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများကဲ့သို့ ငရဲသို့ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်း မဟာမိတ်တပ်ဖွဲ့သားများမှထပ်မံ သတိပေးပြောကြားလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ရရှိထားသော စစ်ကျွန်အလိုတော်ရိအပေါင်းပါစာရင်းကိုလည်း ဖော်ပြထားပြီး ရေသန့်စက်ရုံ/ဘောလုံး၊ ၂လုံး၊ ချဲဒိုင်၊ ဆီဆိုင်၊ စားသောက်ဆိုင်၊ အကြော်ဆိုင်၊ လက်ဖက် ရည်ဆိုင်(အစိုးရဘဏ်ရှေ့)၊ ဆေးဆိုင်၊ ဖုန်းပြင်ဆိုင်၊အလှကုန်ပစ္စည်းဆိုင်၊ မုန့်ပြားသလပ်ဆိုင်၊ဝက်သားတုတ်ထိုးဆိုင်၊ သစ်စက်၊ ဆေးဆိုင်၊ ဖိနပ်ဆိုင်၊ ကျန်းမာရေးကြီးကြပ်၊ ဓာတ်ပုံဆိုင်၊ စီးပွားရေးဘဏ်ဝန်ထမ်း၊လောင်းကစားအကောက်ဒိုင် အစရှိသည့်လုပ်ငန်းများလုပ်ကိုင်သူ ၂၃ ဦးအား နာမည်နှင့်တကွ ရေးသားအသိပေးလိုက်ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

စာရင်းပါစစ်ကောင်စီကျွန်များအား မြေပြင်ရှိ ပြည်သူ့ဘက်တော်သား မည်သူ့အဖွဲ့စည်းမဆို အလျဉ်းသင့်သလို ဝင်ရောက်ဆုံးမပေးနိုင်ပါကြောင်း၊ မိဘပြည်သူများဘက်မှလည်း အဆိုပါဆိုင်များအား အားပေးခြင်း ၊ ဝယ်ယူခြင်း၊ ပတ်သက်ခြင်းများမပြုပါရန် ပြောကြားလိုကြောင်း မဟာမိတ်အဖွဲ့သားများ​​မှ တောင်းဆိုထား သည်။

အဆိုပါကြေညာချက်အား Myingyan 27 Revolution Force၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ Seven People Defense Force၊ TTA ပြောက်ကျားတပ်{တောင်သာ}၊ TAUNGTHA PDFတို့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။