Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်သာမြို့နယ်က စစ်ကောင်စီ​ထောက်တိုင် လုပ်ငန်းရှင်၂၃ဦးအမည်စာရင်း ​ဒေသကာကွယ်​ရေးတပ် ငါးဖွဲ့​ ထုတ်ဖော်

စာရင်းပါစစ်ကောင်စီကျွန်များအား မြေပြင်ရှိ ပြည်သူ့ဘက်တော်သား မည်သူ့အဖွဲ့စည်းမဆို အလျဉ်းသင့်သလို ဝင်ရောက်ဆုံးမပေးနိုင်ပါကြောင်း၊ မိဘပြည်သူများဘက်မှလည်း အဆိုပါဆိုင်များအား အားပေးခြင်း ၊ ဝယ်ယူခြင်း၊ ပတ်သက်ခြင်းများမပြုပါရန် ပြောကြားလိုကြောင်း မဟာမိတ်အဖွဲ့သားများ​​မှ တောင်းဆိုထား သည်။

▪️ပြည်သူ့ဘက်တော်သား မည်သူ့အဖွဲ့စည်းမဆို အလျဉ်းသင့်သလို ဝင်ရောက်ဆုံးမပေးကြရန် ​တောင်းဆို

မန္တလေးတိုင်း တောင်သာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ၂၃ဦးကို အမည်၊ အလုပ်အကိုင်နှင့်တကွ ထုတ်ဖော်ကြေညာပြီး စစ်တပ်ထောက်တိုင်လုပ်ရပ်များ ရပ်တန်းကရပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ငါးဖွဲ့က သတိပေးသည်။

မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် နေထိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်အဖြစ် စစ်ကျွန်ခံနေသော လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များအား စစ်ကျွန်အလိုတော်ရိလုပ်ခြင်းမှ ရပ်တန်းက ရပ်စေရန်အလို့ငှာ သတိပေးလိုက်ကြောင်း၊ သတိပေးသည့်ကြားမှဆက်လက်၍ စစ်ကျွန်အားပေးလုပ်ရပ်များ ဆက်လက်လုပ်ဆောင်ပါက အသက်အာမခံထားရှိခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများကဲ့သို့ ငရဲသို့ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်း မဟာမိတ်တပ်ဖွဲ့သားများမှထပ်မံ သတိပေးပြောကြားလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ရရှိထားသော စစ်ကျွန်အလိုတော်ရိအပေါင်းပါစာရင်းကိုလည်း ဖော်ပြထားပြီး ရေသန့်စက်ရုံ/ဘောလုံး၊ ၂လုံး၊ ချဲဒိုင်၊ ဆီဆိုင်၊ စားသောက်ဆိုင်၊ အကြော်ဆိုင်၊ လက်ဖက် ရည်ဆိုင်(အစိုးရဘဏ်ရှေ့)၊ ဆေးဆိုင်၊ ဖုန်းပြင်ဆိုင်၊အလှကုန်ပစ္စည်းဆိုင်၊ မုန့်ပြားသလပ်ဆိုင်၊ဝက်သားတုတ်ထိုးဆိုင်၊ သစ်စက်၊ ဆေးဆိုင်၊ ဖိနပ်ဆိုင်၊ ကျန်းမာရေးကြီးကြပ်၊ ဓာတ်ပုံဆိုင်၊ စီးပွားရေးဘဏ်ဝန်ထမ်း၊လောင်းကစားအကောက်ဒိုင် အစရှိသည့်လုပ်ငန်းများလုပ်ကိုင်သူ ၂၃ ဦးအား နာမည်နှင့်တကွ ရေးသားအသိပေးလိုက်ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

စာရင်းပါစစ်ကောင်စီကျွန်များအား မြေပြင်ရှိ ပြည်သူ့ဘက်တော်သား မည်သူ့အဖွဲ့စည်းမဆို အလျဉ်းသင့်သလို ဝင်ရောက်ဆုံးမပေးနိုင်ပါကြောင်း၊ မိဘပြည်သူများဘက်မှလည်း အဆိုပါဆိုင်များအား အားပေးခြင်း ၊ ဝယ်ယူခြင်း၊ ပတ်သက်ခြင်းများမပြုပါရန် ပြောကြားလိုကြောင်း မဟာမိတ်အဖွဲ့သားများ​​မှ တောင်းဆိုထား သည်။

အဆိုပါကြေညာချက်အား Myingyan 27 Revolution Force၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ Seven People Defense Force၊ TTA ပြောက်ကျားတပ်{တောင်သာ}၊ TAUNGTHA PDFတို့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။