Connect with us

Hi, what are you looking for?

News

နိုင်ငံရေးနှင့် စစ်ရေးတိုက်ပွဲဝင်နေရခြင်းကို အဖြေမရှာဘဲ စစ်ကောင်စီခေါင်းဆောင်က တပ်ဖွဲ့ဝင်များအသက်စတေးနေဟု CDM ဒုတပ်ရင်းမှူးပြော

ယခု စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် မိသားစု လုံခြုံရေးပျောက်ဆုံးနေကြောင်း၊ စစ်ကောင်စီခေါင်းဆောင်အနေဖြင့်လည်း အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာသည်အထိ အဖြေတစ်ရပ်မထုတ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား စစ်​ကောင်စီတပ် လက်ပါး​စေများက ဖြိုခွင်း​နေစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)

▪️စစ်ကောင်စီသည် မြေနှင့်သေနတ်ကို တပ်ဖွဲ့ဝင်များ၏ အသက်လောက်တန်ဖိုးမထားဟုဆို

နိုင်ငံရေးနှင့် စစ်ရေးတိုက်ပွဲ ဝင်နေရချိန်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တပ်ဖွဲ့ဝင်များ၏ အသက်ကို စတေးနေကြောင်း ပြည်သူနှင့် ပူးပေါင်းလားသည့် ခမရ(၅၈၅)မှ ဒုတပ်ရင်းမှူးဗိုလ်မှူးတင်လင်းအောင်က ပြောကြားသည်။

ဗိုလ်မှူးတင်လင်းအောင်အနေဖြင့် စစ်ကောင်စီတပ်ကို စွန့်ခွာလာခြင်းမှာ တစ်ဖက်အဖွဲ့အစည်းထံ လက်နက်ချ အလင်းဝင်ခြင်းလုံး၀မဟုတ်ဘဲ လာရောက်ပူးပေါင်းခြင်းသာဖြစ်ကြောင်း ဒုတပ်ရင်းမှူးက ရှင်းပြသည်။ ၎င်းအနေ ဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းမှာ အားသာရာဘက်ကို ကပ်လာခြင်းလည်းမဟုတ်ဟု ဆိုသည်။

“ကျွန်တော့်နေရာကနေ ဘာကြောင့် စွှန့်ခွာလာရလဲဆိုတာ အရင်ဆုံး ပြောပြချင်တယ်။ ကျွန်တော် ပြောပြချင်တဲ့ဟာက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော နေရာမှာ ကျွန်တော် မနေချင်တော့လို့ စွန့်ခွာလာခြင်း ဖြစ်တယ်။ ပြီးရင် မြေနဲ့သေနတ်ကို အသက်နဲ့လဲနေရတဲ့ အသက်လောက်တန်ဖိုးမထားတဲ့ နေရာမှာ ကျွန်တော်မနေချင်လို့ လာခဲ့ခြင်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အာဏာလုခြင်းအောက်တွင် စတေးခံနေရသည့် မြေပြင်ခေါင်းဆောင်တစ်ဦးအနေဖြင့် ခံစားချက်ကို ဦးစားပေး ရှေ့တန်းတင်ခြင်းမဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။ အခြား တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူလူထုနှင့် ပူးပေါင်းလာစေလိုကြောင်း ဒုတပ်ရင်းမှူးက ပြောသည်။

“အရင်ခေါင်းဆောင်တွေ စစ်တိုက်တာသည် စစ်ရေးတစ်ခုတည်းကို သွားနေတာပါ။ စစ်တိုက်တာအောင်မြင်ရင်ရပြီ။ အခုဟာက နိုင်ငံရေးရော စစ်ရေးရောပေါင်းစပ်ပြီးတော့မှ တိုက်ပွဲဝင်နေရတယ်။ လွန်ဆွဲနေရတဲ့ ကာလတစ်ခုမှာ အဖြေကို ဘယ်လိုရှာမလဲဆိုတာ ခေါင်းဆောင်တွေက တွေးမပေးပါဘူး။အဖြေကို ဘယ်လိုရှာမလဲဆိုတာ စဉ်းစားရမယ့်အစား ရော့သွားသေကြဆိုတဲ့ ကိစ္စတစ်ခုကိုပဲ သူတို့ ဦးစားပေးနေတာဖြစ်တယ်။ အဲဒီတော့ ဘယ်မှာလဲ အဓိပ္ပါယ်။ အဓိပ္ပါယ်ဆိုတာ ကျွန်တော်တို့မှာ မရှိပါဘူး။ အဲဒါကြောင့် အခုလို အကြောင်းအရင်းတွေကြောင့် အခုကဲ့သို့ ကျွန်တော် တစ်ဖက်အဖွဲ့အစည်းတစ်ခုနဲ့အတူ လာရောက်ပူးပေါင်းခြင်းဖြစ်တယ်”ဟု ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။

ယခု စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် မိသားစု လုံခြုံရေးပျောက်ဆုံးနေကြောင်း၊ စစ်ကောင်စီခေါင်းဆောင်အနေဖြင့်လည်း အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာသည်အထိ အဖြေတစ်ရပ်မထုတ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

“အာဏာကြီးသုံးရပ်ပိုင်ထားတဲ့အချိန်မှာ ကျွန်တော်တို့ အသက်နဲ့ရင်းပြီးတော့မှ သူ့ကို အခု ခင်ဗျားတို့ ပြောနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျားတို့ ပြောနေတဲ့ မအလပေါ့ သူက အာဏာကြီး သုံးရပ်ပိုင်တဲ့ အချိန်မှာ သူ့ကို အသက်နဲ့ရင်းပြီး ပံ့ပိုးနေတဲ့ သူတွေကို သူဘယ်လိုခံစားခွင့်တွေပေးမှာလဲ အာဏာသုံးရပ်ပိုင်တဲ့ အချိန်မှာ။ ဘာတွေ ထပ်ပြီးတော့မှ လုပ်ခဲ့မှာလဲ။ ကျွန်တော်လိုချင်လို့ ပြောတာမဟုတ်ဘူး ရသင့်တယ်ဆိုတာ ပြောပြခြင်းဖြစ်ပါတယ်”ဟုလည်း ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။

ရှေ့ဆက်သွားပါက ကိုယ့်တပ်ဖွဲ့ဝင်များ သေကြေမလားဆိုသည်ကိုလည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်မသိဟု ၎င်းက ပြောသည်။

ဗိုလ်မှူးတင်လင်းအောင်အနေဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ရာ၌ နွေးနွေးထွေးထွေး ကြိုဆိုခံရကြောင်း၊ ၎င်းရောက်ရှိရာဒေသရှိ အဖွဲ့အစည်းအနေဖြင့် ပြည်သူ့ဘက်ရပ်တည်လာသူများကိုသာမက တိုက်ပွဲ၌ ဖမ်းမိသည့် သုံ့ပန်းများကိုပင် အေးအေးဆေးဆေး လုံလုံခြုံခြုံထားရှိထားကြောင်း ပြောသည်။

“တာဝန်ယူမှုတာဝန်ခံမှုမရှိသောခေါင်းဆောင်နဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိသော ခေါင်းဆောင်နဲ့ ကျွန်တော်ဘယ်ခေါင်းဆောင်ဆီနေမလဲဆို တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်အောက်မှာပဲနေပါမယ်။မိသားစုနဲ့ တွေ့ပြီး လုံခြုံတဲ့တစ်နေရာမှာ မိသားစုကို အေးအေးဆေးဆေး အနာဂတ်အတွက် စိတ်ချရပြီဆိုရင် တာဝန်ယူမှု တာဝန်ခံမှုရှိသော ခေါင်းဆောင်အောက်မှာနေပြီးတော့ ကျွန်တော် ဆက်လက်ပြီး တိုက်ပွဲဝင်နေအုံးမယ်လို့ ပြောချင်ပါတယ်”ဟု ဗိုလ်မှူးတင်လင်းအောင်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။