Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း မြောက်ပိုင်းကို ကျူးကျော်နေတဲ့ ရုရှားတပ်တွေ အင်အားလျှော့ချသွား

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ မြောက်ပိုင်းမှာ ရုရှားရဲ့ ဖိအားပေးမှု လျော့သွားတာဟာ အပြည့်အဝ ပျော်ရမယ့် ကိစ္စ မဟုတ်ဘဲ နိုင်ငံ အရှေ့ပိုင်းမှာ ပိုကြမ်းတမ်းတဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ယူကရိန်းနိုင်ငံ မြောက်ပိုင်းက ရုရှားတပ်တွေ သိသိသာသာ အင်အားလျှော့ချ ရုပ်သိမ်းနေကြောင်း ယူကရိန်း အစိုးရက အတည်ပြုခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို စစ်ကြေညာလိုက်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေကနေ တပြိုင်တည်း စစ်ကြောင်းတွေ ဖြန့်ခွဲ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားဟာ မဟာမိတ် ဘီလားရုစ် နိုင်ငံမှာ အခြေစိုက်တဲ့ တပ်တွေကို ယူကရိန်း မြောက်ဖက်ကနေ ဝင်ရောက်စေခဲ့ပြီး မြို့တော် ကိယက်ဗ်ကို ဝန်းရံ ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပါတယ်။

စစ်ပွဲက တစ်လကျော် ကြာမြင့်လာတဲ့ နောက်မှာတော့ ရုရှားဟာ ယူကရိန်းရဲ့ အဓိက မြို့ကြီးတွေကို မသိမ်းပိုက်နိုင်ခဲ့သလို အထိအခိုက်၊ အကျအဆုံးတွေလည်း များလာပါတယ်။ အဲဒီနောက် ရုရှား စစ်တပ်ဟာ စစ်ပွဲနဲ့ ပတ်သက်တဲ့ မူလ ရည်မှန်းချက်ကို ပြောင်းလဲလိုက်ဟန်ရှိပြီး ရုရှား အနွယ်ဝင်တွေ အများစု နေထိုင်ရာ ယူကရိန်း အရှေ့ပိုင်း ပြည်နယ်တွေ လွတ်လပ်ရေး ရရှိဖို့ အဓိကထားသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အခုအခါမှာ ယူကရိန်း မြောက်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ ရုရှား စစ်အင်အားဟာ သိသိသာသာ လျော့နည်းလာတယ်လို့ ယူကရိန်း အစိုးရရော၊ ဗြိတိန် စစ်ထောက်လှမ်းရေးကပါ အတည်ပြုခဲ့ပါတယ်။ ကိယက်ဗ်မြို့နား တဝိုက်ထိ ချဉ်းကပ်ခဲ့တဲ့ ရုရှားတပ်တွေ ပြန်ထွက်သွားကြတဲ့နောက် ယူကရိန်း စစ်တပ်ဟာ အရင်က လက်လွှတ်ထားတဲ့ နယ်မြေတွေကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ မြောက်ပိုင်းမှာ ရုရှားရဲ့ ဖိအားပေးမှု လျော့သွားတာဟာ အပြည့်အဝ ပျော်ရမယ့် ကိစ္စ မဟုတ်ဘဲ နိုင်ငံ အရှေ့ပိုင်းမှာ ပိုကြမ်းတမ်းတဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ယူကရိန်း အရှေ့ပိုင်းမှာလည်း ယူကရိန်း စစ်တပ်တွေဟာ စစ်ရေးအရ အားတက်စရာ အခြေအနေတချို့ ပိုင်ဆိုင်နေပြီး ခါကစ်ဗ်မြို့နားက သယ်ယူပို့ဆောင်ရေး ပင်မလမ်းကြောင်း တစ်ခုကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ လတ်တလောမှာ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကလည်း တိုက်ပွဲ ပြင်းထန်နေတဲ့ မာရူပိုလ်မြို့မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့နဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့နိုင်ဖို့ ပြန်လည် ကြိုးစားနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook