Connect with us

Hi, what are you looking for?

News

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတွင် ယနေ့နံနက်တိုက်ပွဲ​ဖြစ်နေ၊ ကုန်တင်ကားနှစ်စီး မီးလောင်

မြေပြင်တိုက်ပွဲတိုင်းတွင် အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေပြီး ယမန်နေ့ကလည်း KNU တပ်မဟာ (၅) နယ်မြေသို့ လေကြောင်းမှ လာရောက်ထောက်လှမ်းသွားခဲ့သည်ဟု ဆိုသည်။

(​ကော့ကရိတ်-မြဝတီလမ်းပိုင်းတွင် တိုက်ပွဲ​ကြောင့် ကုန်တင်ကားများ ရပ်နားထားစဥ်၊ ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ကရင်အမျိုးသားအစည်းအရုံး(KNU)ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးတွင် ယနေ့(ဧပြီ ၄ရက်) နံနက်အစောပိုင်းကစတင်ကာ တိုက်ပွဲ​ဖြစ်နေပြီး ကုန်တင်ကားနှစ်စီး မီးလောင်နေသည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်- မြဝတီ အာရှလမ်းပိုင်းရှိ ဆိပ်ဖူးတောင်ခြေတွင် ကားနှစ်စီး မီးရှို့ခံထားရခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိရှိကြောင်း မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

“အာရှလမ်းမကြီး မသုံးဖို့ KNUက သတိပေး ထားပေမယ့် အခြေအနေကြည့်ပြီး သွားလာနေကြတာပဲ။ ဒီနေ့တော့ မသွားကြတာ ကောင်းမယ်။လမ်းမနဲ့ မဝေးတဲ့နေရာမှာ တိုက်ပွဲလည်း ဖြစ်နေတယ်”ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပြည်သူလူထုနှင့်အတူရပ်တည်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ကရင်ပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်နေပြီး ခရီးသွားပြည်သူများ အသက်အန္တရာယ်မဖြစ်စေရေးအတွက် အာရှလမ်းမအသုံးပြုခွင့်ကို ကန့်သတိ​ပေးထား​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြေပြင်တိုက်ပွဲတိုင်းတွင် အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေပြီး ယမန်နေ့ကလည်း KNU တပ်မဟာ (၅) နယ်မြေသို့ လေကြောင်းမှ လာရောက်ထောက်လှမ်းသွားခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။