Connect with us

Hi, what are you looking for?

LuduNwayOo

News

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတွင် ယနေ့နံနက်တိုက်ပွဲ​ဖြစ်နေ၊ ကုန်တင်ကားနှစ်စီး မီးလောင်

မြေပြင်တိုက်ပွဲတိုင်းတွင် အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေပြီး ယမန်နေ့ကလည်း KNU တပ်မဟာ (၅) နယ်မြေသို့ လေကြောင်းမှ လာရောက်ထောက်လှမ်းသွားခဲ့သည်ဟု ဆိုသည်။

(​ကော့ကရိတ်-မြဝတီလမ်းပိုင်းတွင် တိုက်ပွဲ​ကြောင့် ကုန်တင်ကားများ ရပ်နားထားစဥ်၊ ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ကရင်အမျိုးသားအစည်းအရုံး(KNU)ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးတွင် ယနေ့(ဧပြီ ၄ရက်) နံနက်အစောပိုင်းကစတင်ကာ တိုက်ပွဲ​ဖြစ်နေပြီး ကုန်တင်ကားနှစ်စီး မီးလောင်နေသည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်- မြဝတီ အာရှလမ်းပိုင်းရှိ ဆိပ်ဖူးတောင်ခြေတွင် ကားနှစ်စီး မီးရှို့ခံထားရခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိရှိကြောင်း မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

“အာရှလမ်းမကြီး မသုံးဖို့ KNUက သတိပေး ထားပေမယ့် အခြေအနေကြည့်ပြီး သွားလာနေကြတာပဲ။ ဒီနေ့တော့ မသွားကြတာ ကောင်းမယ်။လမ်းမနဲ့ မဝေးတဲ့နေရာမှာ တိုက်ပွဲလည်း ဖြစ်နေတယ်”ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပြည်သူလူထုနှင့်အတူရပ်တည်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ကရင်ပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်နေပြီး ခရီးသွားပြည်သူများ အသက်အန္တရာယ်မဖြစ်စေရေးအတွက် အာရှလမ်းမအသုံးပြုခွင့်ကို ကန့်သတိ​ပေးထား​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြေပြင်တိုက်ပွဲတိုင်းတွင် အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေပြီး ယမန်နေ့ကလည်း KNU တပ်မဟာ (၅) နယ်မြေသို့ လေကြောင်းမှ လာရောက်ထောက်လှမ်းသွားခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။