Connect with us

Hi, what are you looking for?

News

မန္တလေးကျုံးပတ်လည်မှာ စစ်ကောင်စီတပ်တွေကင်းပုန်းချထား

မန္တလေး ကျုံးဘေးပတ်လည်မှာ စစ်ရေးလှုပ်ရှားမှု တစ်ခုပြုလုပ်မယ်လို့ ပြည်သူတွေကို မြို့ပြပျောက်ကြားအဖွဲ့က အသိပေးထားပြီးနောက် ကျုံးပတ်လည်မှာ စစ်ကောင်စီက ဒီနေ့ညနေပိုင်းအထိကင်းပုန်းချထားတယ်လို့သိရပါတယ်။

ကင်းပုန်းချထားတဲ့အပြင် ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းပေါ်မှာရှိတဲ့ စားသောက်ဆိုင်တွေ ၊နေအိမ်တွေက CCTV မှတ်တမ်းတွေကို လိုက်လံစစ်ဆေးနေတယ်လို့ People’s Spring ရဲ့သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ပြုလုပ်ဖို့စီစဉ်ထားတဲ့ စစ်ရေးလှုပ်ရှားမယ့်နေရာမှာ အားကစားလုပ်နေတဲ့သူတွေ ၊သွားလာနေတဲ့ပြည်သူတွေရှိတာကြောင့် အစီအစဉ်မအောင်မြင်ခဲ့ဘူးလို့ မန္တလေးမြို့ပြပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဒီနေ့ နဲ့မနက်ဖြန်မှာ ကျုံးဘေးပတ်လည်လမ်းပိုင်းဖြစ်တဲ့ ၁၂ လမ်း ၊ ၈၀ လမ်း ၊ ၆၀ လမ်း ၊ ၆၆ လမ်း တွေကို မနက်၅နာရီမှ မနက် ၈နာရီအတွင်း ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့ Mandalay Ranger Force- PDF က မနေ့က အသိပေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။