Connect with us

Hi, what are you looking for?

News

CDM ဝန်ထမ်းများ ပံ့ပိုးပေးနိုင်ရေးဝိုင်းဝန်းကူညီကြရန် မင်းတပ်နယ်(ပအဖ)မေတ္တာရပ်ခံ

ပြည်သူများ၏ အလှူငွေများကို မြေပြင်ရှိ အမှန်တကယ်ခက်ခဲသော CDM ဝန်ထမ်းများထံသို့ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ပြီး အလှူငွေများကို ဧပြီ ၃၀ရက်အထိသာ လက်ခံသွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

မင်းတပ်တွင် ပညာရေးဝန်ထမ်း ၁,၁၀၀ကျော်အပါအဝင် CDM ဝန်ထမ်း ၂,၀၀၀ ခန့်ရှိ

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဝန်ထမ်းများအနက် ဝန်ထမ်း ၉၀ရာခိုင်နှုန်း ကျော်သည် အကြမ်း ဖက်စစ်တပ်မှ မတရားအာဏာသိမ်းပြီး နွေဦးတော်လှန်ရေးစတင်ချိန်မှစ၍ CDM တွင် ပါဝင်ပြီး တော်လှန်ခဲ့ရာ ယခုအခါ ၎င်းဝန်ထမ်းများ အခက်ကြုံနေ၍ ပံပိုးနိုင်ရေး ဝိုင်းဝန်း ကူညီကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ မေတ္တာရပ်ခံ ချက်ထုတ်ပြန်လိုက်သည်။

ယခင်နှစ် မေလ ၁၆ရက် မင်းတပ်မြို့ ဂေါက်ကွင်းတိုက်ပွဲအပြီးတွင် မင်းတပ်မြို့ အား လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် မြို့နေလူထုများ အရေးပေါ် စစ်ဘေးရှောင်ခဲ့ရာ မင်းတပ်မြို့ရှိ CDM ဝန်ထမ်းများသည်လည်း ခက်ခဲသည့်အခြေအနေများကြားမှ အိုးအိမ်များကိုစွန့်ခွာပြီး တစ်နှစ်နီးပါး စစ်ဘေးရှောင်ရင်း အာဏာရှင်ကို ဆက်လက်ဖီဆန် (CDM) လုပ်လာခဲ့ကြကြေြာင်း ဖော်ပြထားသည်။

မင်းတပ်မြို့နယ်ရှိ ဌာနပေါင်းစုံ CDM ဝန်ထမ်းများအားလုံးသည် မေလ နောက်ပိုင်း ထောက်ပံ့မှု ၂ကြိမ်သာရရှိခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဖြတ်လေးဖြတ် စီမံချက်၊ ဒေသတွင်း ကျေးရွာများသို့ မကြာခဏ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲများအကြားတွင် CDM ဝန်ထမ်းများ ဆက်လက် ရပ်တည်ရန် အလွန်ခက်ခဲလာ၍ ပထမဆုံးအကြိမ်အဖြစ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှတဆင့် အများပြည်သူထံ အလှူခံအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပြည်သူများ၏ အလှူငွေများကို မြေပြင်ရှိ အမှန်တကယ်ခက်ခဲသော CDM ဝန်ထမ်းများထံသို့ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ပြီး အလှူငွေများကို ဧပြီ ၃၀ရက်အထိသာ လက်ခံသွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

ရရှိလာသည့်အလှူငွေများကို မင်းတပ်မြို့နယ်ရှိ ဌာနဆိုင်ရာ CDM ဝန်ထမ်းများအားလုံးကို ခွဲဝေပံ့ပိုးပေးသွားကာ အများပြည်သူထံသို့လည်း စာရင်းဇယားဖြင့် ပြန်လည်ရှင်းလင်း ချပြသွားမည်ဟု မင်းတပ် ပအဖက ထုတ်ပြန်ခဲ့ပြီး ပြည်သူများအနေဖြင့် ပါဝင်ကူညီပံ့ပိုးကြရန် မေတ္တာရပ်ခံ ထားသည်။

မင်းတပ်မြို့နယ်တွင် ပညာရေးဝန်ထမ်း ၁၁၈၀ ခန့်အပါအဝင် ဌာနပေါင်းစုံ၊ တပ်ဖွဲ့၊ ရုံး၊ကျောင်းများမှ CDM ပြုလုပ်ခဲ့သည့် ဝန်ထမ်းပေါင်း နှစ်ထောင်ခန့် ရှိသည်ဟုဆိုသည်။

မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)အနေဖြင့်လည်း စစ်ကောင်စီ တပ်ကို ယမန်နေ့ ဧပြီလကတည်းက ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး လတ်တလောတွင်လည်း မတူပီသို့ စစ်အင်အားဖြည့် တင်းနေသည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်မှုများ လုပ် ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။