Connect with us

Hi, what are you looking for?

News

ကဒါးလားရွာတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးသေ

ဖမ်းဆီးခံရသည့် ပြည်သူများအား သတ်ဖြတ်ခြင်း ရှိ၊မရှိ စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူများ အနေဖြင့် ထီးပေါ်ဆိုအုပ်စုအတွင်းတွင် သွားလာခြင်းမပြုလုပ်ကြပါ ရန် သတိပေးသည်။

ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာအနီး အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း- ၁၅က ယနေ့ (ဧပြီ ၆ ရက်) ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်သို့ စစ်ထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA) နှင့် KNDF ပူး ပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု KNDF က ဆိုသည်။

ဓာတ်ပုံ – KNDF

လက်ရှိတွင် စစ်ကောင်စီတပ်က ငွေတောင်ရွာသစ်ကျေးရွာရှိ ပြည်သူ့နေအိမ် အချို့ကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားသော နေရာအနီးအနားတွင် သွားလာခြင်းမပြုကြရန် သတိပေး ထားသော်လည်း သွားလာနေကြသော ပြည်သူတစ်ချို့ကို အကြမ်းဖက်စစ်တပ်က ဆိုင်ကယ်နှင့်လူပါ ဖမ်းဆီးခေါ်ဆောင်သွား‌မှုများရှိ သည်ဟု KNDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသည့် ပြည်သူများအား သတ်ဖြတ်ခြင်း ရှိ၊မရှိ စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူများ အနေဖြင့် ထီးပေါ်ဆိုအုပ်စုအတွင်းတွင် သွားလာခြင်းမပြုလုပ်ကြပါ ရန် သတိပေးသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ်မှတစ်ဆင့် ဖရူဆို မြို့နယ်သို့ စစ်အင်အား ဖြည့်တင်းထောက်ပံ့ရန် စစ်ကောင်စီက ကြိုးစားနေ၍ ထွီလွီးဘီလာ- ငွေတောင်ရွာသစ်လမ်းပိုင်းကို ပြည်သူများ လတ်တလော အသုံးမပြုရန် KNDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။