Connect with us

Hi, what are you looking for?

News

ဆေးရုံပို့မယ့် အောက်ဆီဂျင်အိုးတွေကလွဲပြီး ကျန်ပြင်ပအိုးတွေဖြည့်မပေးတော့ စက်ရုံတစ်ရုံကြေညာ

အဲဒီလက်နက်ကိုင်တွေက စက်ရုံကိုလာတဲ့ အောက်ဆီဂျင်တန်းဆီသူတွေနဲ့ စက်ရုံတာဝန်ရှိသူတွေအပါအဝင် အများပြည်သူလုံခြုံရေးအတွက် ရောက်လာတာမျိုးမဟုတ်ဘဲ ရသမျှအောက်ဆီဂျင်အိုးတွေကို စက်ရုံထဲက လာရောက်သယ်ထုတ်နေတာလို့ သူက ဆိုပါတယ်။

ဆေးရုံကိုပို့မယ့် အောက်ဆီဂျင်အိုးတွေကလွဲ ကျန်ပြင်အိုးတွေကို ဖြည့်မပေးတော့ကြောင်း တောင်ဥက္ကလာပစက်မှုဇုံမှာရှိတဲ့ ရွှေပြည်ညွန့်အောက်ဆီဂျင်ထုစက်ရုံက ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

ဒါ့ကြောင့် ပြင်ပအိုးတွေကို အောက်ဆီဂျင်ဖြည့်ပေးတာကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပြီး ဒီလိုလုပ်ဆောင်ရတဲ့အပေါ် နားလည်မှုပေးကြဖို့ စက် ရုံက ပန်ကြားထားပါတယ်။

ဒီကနေ့မှာ အောက်ဆီဂျင်ဖြည့်ဖို့ အဲဒီစက်ရုံကို ကိုယ်တန်းသွားတန်းစီခဲ့သူတစ်ဦးက နေ့လယ်ပိုင်းသူရောက်တဲ့အချိန်ကစပြီး စစ်ကောင်စီရဲ့လက်နက်ကိုင်တွေ စက်ရုံထဲရောက်နေတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီလက်နက်ကိုင်တွေက စက်ရုံကိုလာတဲ့ အောက်ဆီဂျင်တန်းဆီသူတွေနဲ့ စက်ရုံတာဝန်ရှိသူတွေအပါအဝင် အများပြည်သူလုံခြုံရေးအတွက် ရောက်လာတာမျိုးမဟုတ်ဘဲ ရသမျှအောက်ဆီဂျင်အိုးတွေကို စက်ရုံထဲက လာရောက်သယ်ထုတ်နေတာလို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စက်ရုံမှာလာ​စောင့်​နေတဲ့ ရဲအရာရှိကိုပိုက်ဆံ​ပေးသူ​တွေဆိုရင်တန်းစီးတာမှာ အမြန်ရ​အောင် ရဲကလုပ်​ပေး​နေသလို ၊အိုး​တွေမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင် အရာရှိ​တွေရဲ့ ရာထူး​​တွေ​ရေးထားရင် ဦးစား​ပေးဖြည့်​ပေးတယ်လို့ သွားဖြည့်ခဲ့သူတစ်ဦးကဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ် (၈)ရပ်ကွက် စက်မှုဇုံ(၆)လမ်းမှာရှိတဲ့ ရွှေပြည်ညွန့်စက်ရုံဟာ ပြင်ပပုဂ္ဂလိကအိုးတွေကို အောက်ဆီဂျင်မဖြည့်ပေးနိုင်တဲ့အကြောင်း ဒီကနေ့မကြေညာခင်အထိ နေ့စဉ်အောက်ဆီဂျင်အိုး ရာချီကို သင့်တင့်တဲ့နှုန်းထားနဲ့ ဖြည့်ပေးနေတဲ့ စက်ရုံတစ်ရုံဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စစ်ဆင်ရေးနယ်မြေ ၂ မှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးရုံ ဆောက်လုပ်ဖို့ သူပုန်မိန်းမ ကမ်ပိန်းပြုလုပ်သွားမယ်လို့ ဒီနေ့ (မတ်၂၀) အသိပေးထားပါတယ်။

နိုင်ငံတကာ

ဆေးရုံတစ်ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူနာ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက O-1 ဆေးရုံမှာ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ မီးစက်အတွက် ဒီဇယ်အရေးပေါ်လိုအပ်နေကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။