ဆေးရုံကိုပို့မယ့် အောက်ဆီဂျင်အိုးတွေကလွဲ ကျန်ပြင်အိုးတွေကို ဖြည့်မပေးတော့ကြောင်း တောင်ဥက္ကလာပစက်မှုဇုံမှာရှိတဲ့ ရွှေပြည်ညွန့်အောက်ဆီဂျင်ထုစက်ရုံက ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။
ဒါ့ကြောင့် ပြင်ပအိုးတွေကို အောက်ဆီဂျင်ဖြည့်ပေးတာကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပြီး ဒီလိုလုပ်ဆောင်ရတဲ့အပေါ် နားလည်မှုပေးကြဖို့ စက် ရုံက ပန်ကြားထားပါတယ်။
ရွှေပြည်ညွန့်စက်ရုံရှေ့မှာ ယခင်ရက်တွေက အောက်ဆီဂျင်ဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူတွေ ရွှေပြည်ညွန့်စက်ရုံရှေ့မှာ ယခင်ရက်တွေက အောက်ဆီဂျင်ဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူတွေ
ဒီကနေ့မှာ အောက်ဆီဂျင်ဖြည့်ဖို့ အဲဒီစက်ရုံကို ကိုယ်တန်းသွားတန်းစီခဲ့သူတစ်ဦးက နေ့လယ်ပိုင်းသူရောက်တဲ့အချိန်ကစပြီး စစ်ကောင်စီရဲ့လက်နက်ကိုင်တွေ စက်ရုံထဲရောက်နေတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီလက်နက်ကိုင်တွေက စက်ရုံကိုလာတဲ့ အောက်ဆီဂျင်တန်းဆီသူတွေနဲ့ စက်ရုံတာဝန်ရှိသူတွေအပါအဝင် အများပြည်သူလုံခြုံရေးအတွက် ရောက်လာတာမျိုးမဟုတ်ဘဲ ရသမျှအောက်ဆီဂျင်အိုးတွေကို စက်ရုံထဲက လာရောက်သယ်ထုတ်နေတာလို့ သူက ဆိုပါတယ်။
ဒါအပြင် စက်ရုံမှာလာစောင့်နေတဲ့ ရဲအရာရှိကိုပိုက်ဆံပေးသူတွေဆိုရင်တန်းစီးတာမှာ အမြန်ရအောင် ရဲကလုပ်ပေးနေသလို ၊အိုးတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတွေရဲ့ ရာထူးတွေရေးထားရင် ဦးစားပေးဖြည့်ပေးတယ်လို့ သွားဖြည့်ခဲ့သူတစ်ဦးကဆိုပါတယ်။

Public Service Announcement
တောင်ဥက္ကလာပမြို့နယ် (၈)ရပ်ကွက် စက်မှုဇုံ(၆)လမ်းမှာရှိတဲ့ ရွှေပြည်ညွန့်စက်ရုံဟာ ပြင်ပပုဂ္ဂလိကအိုးတွေကို အောက်ဆီဂျင်မဖြည့်ပေးနိုင်တဲ့အကြောင်း ဒီကနေ့မကြေညာခင်အထိ နေ့စဉ်အောက်ဆီဂျင်အိုး ရာချီကို သင့်တင့်တဲ့နှုန်းထားနဲ့ ဖြည့်ပေးနေတဲ့ စက်ရုံတစ်ရုံဖြစ်ပါတယ်။
