Connect with us

Hi, what are you looking for?

News

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ တာဝန်ခံမှုရှိစေရေး တိုးမြှင့်လုပ်ဆောင် မည်ဟု ကန်နိုင်ငံခြားရေးအတိုင်ပင်ခံပြော

NUG ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ နှင့်တွေ့ဆုံမှုအပြီးတွင် “သတင်း​ကောင်း​တွေ ထပ်မံ​ကြားကြရမှာပါ” ဟု ၎င်း၏ ဖေ့စ်ဘုတ်လူမှု ကွန်ရက်မှအသိပေးသည်။

▪️ကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့်တွေ့ဆုံအပြီး သတင်းကောင်းများ ထပ်မံ ကြားရမည်ဟု NUG ဝန်ကြီးအသိပေး

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး အမေရိကန်အစိုးရက ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ပြောသည်။

အထက်ပါ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အားလုံးပါဝင်သော ဒီမိုကရက်တစ်အနာဂတ်အတွက် အမေရိကန်၏ အားပေးထောက်ခံမှုကို အလေးပေးပြောကြားခဲ့သည်ဟု သတင်း ထုတ်ပြန်သည်။

NUG ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ နှင့်တွေ့ဆုံမှုအပြီးတွင် “သတင်း​ကောင်း​တွေ ထပ်မံ​ကြားကြရမှာပါ” ဟု ၎င်း၏ ဖေ့စ်ဘုတ်လူမှု ကွန်ရက်မှအသိပေးသည်။

Public Service Announcement

Public Service Announcement

အတိုင်ပင်ခံ Derek Chollet နှင့်တွေ့ဆုံရာတွင် မြန်မာ့ဒီမိုက​ရေစီအတွက် ပိုမိုကူညီလုပ်​ဆောင်မည့်အကြောင်း၊ အကြမ်းဖက်စစ်​ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်​မှု​များအ​ပေါ် တရားမျှတမှုဖော်​ဆောင်နိုင်ရေး မြန်မာပြည်သူ​များအတွက် ကြိုးပမ်းသွားမည့်အကြောင်းတို့ကို ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ထို့အပြင် NUG ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဗျူရို လက်ထောက်ဝန်ကြီး Lisa Peterson ၊ လူ့အခွင့်အရေးမြှင့်တင်ရေး အထူးကိုယ်စားလှယ် Jessica Stern တို့နှင့်တွေ့ဆုံကာ LGBTQI+ များအတွက် စိန်ခေါ်မှု များအပါအဝင် မြန်မာ့အကျပ်အတည်းများကို ဆွေးနွေးခဲ့သည်။

(NUG ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့ ​မှတ်တမ်းရိုက်ကူး​နေစဥ်၊ ဓာတ်ပုံ – US. Asia Pacific Media Hub)

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။