Connect with us

Hi, what are you looking for?

ဗီဒီယို

ကိယက်ဗ်ထိသွားပြီး ယူကရိန်း သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိန် ဝန်ကြီးချုပ်

ကိယက်ဗ်မြို့တော်မှာ ဇီလန်စကီးနဲ့ လူချင်းတွေ့ဆုံပြီးတဲ့နောက် ယူကရိန်းအတွက် ဗြိတိန်လုပ် သံချပ်ကာယာဉ် အစီး ၁၂၀ နဲ့ သင်္ဘောဖျက် ဒုံးကျည်စနစ်တစ်ခု ပို့ဆောင်ပေးသွားဖို့ ဂျွန်ဆန်က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ဟာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်း နိုင်ငံထိ သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်ရုံးက အဲဒီ ခရီးစဉ်ဟာ ရုရှား ကျူးကျော်မှုကြောင့် ဆင်းရဲဒုက္ခ ကြုံနေရတဲ့ ယူကရိန်း ပြည်သူတွေနဲ့ထပ်တူ ဗြိတိန်က ရပ်တည်ကြောင်း ခိုင်ခိုင်မာမာ ပြသလိုက်တဲ့ ပုံရိပ်တစ်ခုလို့ ကြေညာပါတယ်။ ဗြိတိန်ဟာ အမေရိကန်၊ ဥရောပ သမဂ္ဂတို့နဲ့အတူ ဒီစစ်ပွဲမှာ ယူကရိန်းကို စစ်လက်နက်နဲ့ ငွေကြေး အကူအညီတွေ ပေးပို့နေပါတယ်။

ကိယက်ဗ်မြို့တော်မှာ ဇီလန်စကီးနဲ့ လူချင်းတွေ့ဆုံပြီးတဲ့နောက် ယူကရိန်းအတွက် ဗြိတိန်လုပ် သံချပ်ကာယာဉ် အစီး ၁၂၀ နဲ့ သင်္ဘောဖျက် ဒုံးကျည်စနစ်တစ်ခု ပို့ဆောင်ပေးသွားဖို့ ဂျွန်ဆန်က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇီလန်စကီးရဲ့ အတွင်းစည်း အစိုးရအဖွဲ့ ခေါင်းဆောင်တွေက လက်ရှိ အခြေအနေမှာ ဗြိတိန်ရဲ့ အားကောင်းတဲ့ ထောက်ခံ ရပ်တည်မှုအတွက် ချီးကျူး ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြပါတယ်။ ဂျွန်ဆန်ရဲ့ ယူကရိန်းနိုင်ငံ ခရီးစဉ်ကို ကြိုတင် မကြေညာခဲ့ပါဘူး။ သတင်းထောက်တွေတောင် ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်း သံရုံးက ဂျွန်ဆန်နဲ့ ဇီလန်စကီး ဆွေးနွေးနေတဲ့ ဓာတ်ပုံတွေ Twitterပေါ် တင်လိုက်မှ ဂျွန်ဆန်တစ်ယောက် ကိယက်ဗ်မြို့ထဲ ရောက်နေမှန်း သိခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ဂျွန်ဆန်က သမ္မတ ဇီလန်စကီးရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုနဲ့ ယူကရိန်း ပြည်သူတွေရဲ့ ရဲရင့်မှုကို အထူးလေးစားမိကြောင်း ကြေညာခဲ့ပါတယ်။ ယူကရိန်း ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားဟာ ကိယက်ဗ်ကို သိမ်းယူဖို့ ချီတက်လာတဲ့ ရုရှားတပ်တွေကို မယုံနိုင်စရာ ကောင်းလောက်အောင် တွန်းလှန်ပြနိုင်ခဲ့တယ်လို့လည်း ဂျွန်ဆန်က ဆိုပါတယ်။

ဇီလန်စကီးကလည်း ဗြိတိန်ရဲ့ ပြတ်သားပြီး ထိရောက် အားကောင်းတဲ့ ကူညီ ရပ်တည်မှုကို ကြိုဆို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အနောက်နိုင်ငံတွေ အနေနဲ့ ရုရှားကို ဒီထက်ပိုပြီး တင်းတင်းမာမာ ဖိအားပေးကြဖို့ တိုက်တွန်း တေင်းဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။