Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကိယက်ဗ်ထိသွားပြီး ယူကရိန်း သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိန် ဝန်ကြီးချုပ်

ကိယက်ဗ်မြို့တော်မှာ ဇီလန်စကီးနဲ့ လူချင်းတွေ့ဆုံပြီးတဲ့နောက် ယူကရိန်းအတွက် ဗြိတိန်လုပ် သံချပ်ကာယာဉ် အစီး ၁၂၀ နဲ့ သင်္ဘောဖျက် ဒုံးကျည်စနစ်တစ်ခု ပို့ဆောင်ပေးသွားဖို့ ဂျွန်ဆန်က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ဟာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်း နိုင်ငံထိ သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်ရုံးက အဲဒီ ခရီးစဉ်ဟာ ရုရှား ကျူးကျော်မှုကြောင့် ဆင်းရဲဒုက္ခ ကြုံနေရတဲ့ ယူကရိန်း ပြည်သူတွေနဲ့ထပ်တူ ဗြိတိန်က ရပ်တည်ကြောင်း ခိုင်ခိုင်မာမာ ပြသလိုက်တဲ့ ပုံရိပ်တစ်ခုလို့ ကြေညာပါတယ်။ ဗြိတိန်ဟာ အမေရိကန်၊ ဥရောပ သမဂ္ဂတို့နဲ့အတူ ဒီစစ်ပွဲမှာ ယူကရိန်းကို စစ်လက်နက်နဲ့ ငွေကြေး အကူအညီတွေ ပေးပို့နေပါတယ်။

ကိယက်ဗ်မြို့တော်မှာ ဇီလန်စကီးနဲ့ လူချင်းတွေ့ဆုံပြီးတဲ့နောက် ယူကရိန်းအတွက် ဗြိတိန်လုပ် သံချပ်ကာယာဉ် အစီး ၁၂၀ နဲ့ သင်္ဘောဖျက် ဒုံးကျည်စနစ်တစ်ခု ပို့ဆောင်ပေးသွားဖို့ ဂျွန်ဆန်က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇီလန်စကီးရဲ့ အတွင်းစည်း အစိုးရအဖွဲ့ ခေါင်းဆောင်တွေက လက်ရှိ အခြေအနေမှာ ဗြိတိန်ရဲ့ အားကောင်းတဲ့ ထောက်ခံ ရပ်တည်မှုအတွက် ချီးကျူး ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြပါတယ်။ ဂျွန်ဆန်ရဲ့ ယူကရိန်းနိုင်ငံ ခရီးစဉ်ကို ကြိုတင် မကြေညာခဲ့ပါဘူး။ သတင်းထောက်တွေတောင် ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်း သံရုံးက ဂျွန်ဆန်နဲ့ ဇီလန်စကီး ဆွေးနွေးနေတဲ့ ဓာတ်ပုံတွေ Twitterပေါ် တင်လိုက်မှ ဂျွန်ဆန်တစ်ယောက် ကိယက်ဗ်မြို့ထဲ ရောက်နေမှန်း သိခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ဂျွန်ဆန်က သမ္မတ ဇီလန်စကီးရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုနဲ့ ယူကရိန်း ပြည်သူတွေရဲ့ ရဲရင့်မှုကို အထူးလေးစားမိကြောင်း ကြေညာခဲ့ပါတယ်။ ယူကရိန်း ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားဟာ ကိယက်ဗ်ကို သိမ်းယူဖို့ ချီတက်လာတဲ့ ရုရှားတပ်တွေကို မယုံနိုင်စရာ ကောင်းလောက်အောင် တွန်းလှန်ပြနိုင်ခဲ့တယ်လို့လည်း ဂျွန်ဆန်က ဆိုပါတယ်။

ဇီလန်စကီးကလည်း ဗြိတိန်ရဲ့ ပြတ်သားပြီး ထိရောက် အားကောင်းတဲ့ ကူညီ ရပ်တည်မှုကို ကြိုဆို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အနောက်နိုင်ငံတွေ အနေနဲ့ ရုရှားကို ဒီထက်ပိုပြီး တင်းတင်းမာမာ ဖိအားပေးကြဖို့ တိုက်တွန်း တေင်းဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။