Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်မြို့တော်ခန်းမ မဏ္ဍပ် ကိုဦးတည်နိုင်တဲ့ လမ်းတွေကို စစ်ကောင်စီ ပိတ်ဆို့

မြို့တော်ခန်းမ နားမရောက်ခင် ဆူလေးဘုရားလမ်း ၊မဟာဗန္ဓုလလမ်း ၊ ကုန်သည်လမ်း ၊ပန်းဆိုးတန်းမီးပွိုင့် စတဲ့လေးဘက်လေးတန်ကနေ အတားအဆီးတွေ ချကာ ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာပါ။

ပြီးခဲ့တဲ့မတ်လအတွင်း မြို့တော်ခန်းမရှေ့ မဏ္ဍပ်ကိုတည်ဆောက်နေစဉ် (ပုံဟောင်း)

မနက်ဖြန်မှာပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရန်ကုန်မြို့တော် ခန်းမရှေ့ မဏ္ဍပ်ဖွင့်ပွဲအတွက် ဒီနေ့ကစတင်ပြီး မဏ္ဍပ်အနီးက လမ်းတွေကို အသွားအလာတားမြစ်ကာ ပိတ်ထားလိုက်တယ်လို့ အဲဒီနားကိုသွားလာခဲ့သူတွေထံကသိရပါတယ်။

မြို့တော်ခန်းမ နားမရောက်ခင် ဆူလေးဘုရားလမ်း ၊မဟာဗန္ဓုလလမ်း ၊ ကုန်သည်လမ်း ၊ပန်းဆိုးတန်းမီးပွိုင့် စတဲ့လေးဘက်လေးတန်ကနေ အတားအဆီးတွေ ချကာ ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာပါ။

အဲဒီအတားအဆီးတွေရဲ့မလှမ်းမကမ်းမှာတော့ လုံခြုံရေးချထားတာမျိုးတွေ့ရတယ်လို့ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ထဲသွားလာခဲ့သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ သင်္ကြန်ပွဲကို စည်ကားအောင်ကျင်းပဖို့စီစဉ်ထားတာပါ။

Public Service Announcement

Public Service Announcement

ရန်ကုန်မှာဆို လမ်းလျှောက်သင်္ကြန်ပါထည့်သွင်းထားပါသေးတယ်။

ဒါပေမယ့်ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်နားမှာပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း လူထုကိုအခြေမခံတဲ့ စစ်ကောင်စီရဲ့အတုအယောင်သင်္ကြန်ကို ပါဝင်ဆင်နွှဲတာမျိုးမလုပ်ဖို့ တိုက်တွန်းထားကြတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။