Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့တော်ခန်းမ မဏ္ဍပ် ကိုဦးတည်နိုင်တဲ့ လမ်းတွေကို စစ်ကောင်စီ ပိတ်ဆို့

မြို့တော်ခန်းမ နားမရောက်ခင် ဆူလေးဘုရားလမ်း ၊မဟာဗန္ဓုလလမ်း ၊ ကုန်သည်လမ်း ၊ပန်းဆိုးတန်းမီးပွိုင့် စတဲ့လေးဘက်လေးတန်ကနေ အတားအဆီးတွေ ချကာ ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာပါ။

ပြီးခဲ့တဲ့မတ်လအတွင်း မြို့တော်ခန်းမရှေ့ မဏ္ဍပ်ကိုတည်ဆောက်နေစဉ် (ပုံဟောင်း)

မနက်ဖြန်မှာပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရန်ကုန်မြို့တော် ခန်းမရှေ့ မဏ္ဍပ်ဖွင့်ပွဲအတွက် ဒီနေ့ကစတင်ပြီး မဏ္ဍပ်အနီးက လမ်းတွေကို အသွားအလာတားမြစ်ကာ ပိတ်ထားလိုက်တယ်လို့ အဲဒီနားကိုသွားလာခဲ့သူတွေထံကသိရပါတယ်။

မြို့တော်ခန်းမ နားမရောက်ခင် ဆူလေးဘုရားလမ်း ၊မဟာဗန္ဓုလလမ်း ၊ ကုန်သည်လမ်း ၊ပန်းဆိုးတန်းမီးပွိုင့် စတဲ့လေးဘက်လေးတန်ကနေ အတားအဆီးတွေ ချကာ ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာပါ။

အဲဒီအတားအဆီးတွေရဲ့မလှမ်းမကမ်းမှာတော့ လုံခြုံရေးချထားတာမျိုးတွေ့ရတယ်လို့ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ထဲသွားလာခဲ့သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ သင်္ကြန်ပွဲကို စည်ကားအောင်ကျင်းပဖို့စီစဉ်ထားတာပါ။

Public Service Announcement

Public Service Announcement

ရန်ကုန်မှာဆို လမ်းလျှောက်သင်္ကြန်ပါထည့်သွင်းထားပါသေးတယ်။

ဒါပေမယ့်ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်နားမှာပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း လူထုကိုအခြေမခံတဲ့ စစ်ကောင်စီရဲ့အတုအယောင်သင်္ကြန်ကို ပါဝင်ဆင်နွှဲတာမျိုးမလုပ်ဖို့ တိုက်တွန်းထားကြတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။