Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံ ပြည်​ထောင်စုလမ်းမ​ပေါ်တွင် စစ်​ကောင်စီတပ်ကို ပ​ဒေသာမိုင်းအလုံး၂၀ဖြင့် တိုက်ခိုက်ခဲ့ဟု Little Heroes အဖွဲ့ အသိ​ပေး

ဖောက်ခွဲရန်ကျန်ရှိသော မိုင်းများအနက် (၈)လုံးကိုမူ စစ်​ကောင်စီတပ်က ရှာဖွေသိမ်းဆည်းသွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမပေါ်၌ စစ်​ကောင်စီတပ်အား ပဒေသာမိုင်းအလုံး ၂၀ဖြင့်ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့ Little Heroes က ယနေ့(ဧပြီ ၁၂ ရက်)တွင် ထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၁၁ ရက်) ည ၇နာရီကစ၍ UG Urban Gurellia Defence Force အပါအဝင် မဟာမိတ်ညီကိုရဲ​ဘော်အဖွဲ့များသည် မိုင်တစ်ကြိမ် စတင်ဖောက်ခွဲကာ မိနစ်အနည်းအငယ်အကြာတွင် သုံးလုံးတွဲ၍ နောက်ထပ်တစ်ကြိမ်ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်စစ်ဆေးခဲ့ရာတွင် ပဒေသာမိုင်းနှစ်လုံးဖြင့် ထပ်မံ​ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်​ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရကာ စစ်ကားထိခိုက်ပျက်စီးခဲ့သည်ဟု Little Heroesက အသိပေးသည်။

Public Service Announcement

“စုစုပေါင်း ခြောက်ကြိမ်ပေါက်တာ ။ပြီးတော့ စခ တွေက သေနတ် ငါးချက် ဖောက်တယ်။၁၀ နာရီကျော်က ပစ်တဲ့နှစ်ချက်တော့ ဆိုင်ကယ် စီးလာတဲ့သူ တွေကိုပစ်တယ်ပြောတယ်။ထိတဲ့သူတော့မရှိဘူး”ဟု ပြည်ထောင်စုလမ်းမအနီးနေထိုင်သူက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဖောက်ခွဲရန်ကျန်ရှိသော မိုင်းများအနက် (၈)လုံးကိုမူ စစ်​ကောင်စီတပ်က ရှာဖွေသိမ်းဆည်းသွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

​တော်လှန်​​ရေးအရှိန်မြင့်တင်​နေရာ ပြည်သူများ အနေဖြင့် စစ်​ကား၊ အကြမ်းဖက်စစ်​ကောင်စီတပ်သားများအနီးမသွားလာကြရန် နှင့် မိမိနှင့်သက်ဆိုင်မှုမရှိသည့် အထုပ်များကို ထိ​တွေ့ကိုင်တွယ်ခြင်းများမပြုရန် မြို့ပြပြောက်ကျားအဖွဲ့က သတိပေးသည်။

ယမန်​နေ့ညက ​မြောက်ဒဂုံမြို့နယ်တွင် ​ပေါက်ကွဲသံများဆက်တိုက်ကြားရ၍ လူငယ်မြို့ပြ​ပြောက်ကျား တပ်ဖွဲ့များ ​ဘေးကင်းကြ​စေရန် လူမှုကွန်ရက်တွင် ​ရေးသားခဲ့သည်။ ထိုသို့ ဖြစ်ပြီး​နောက် လျှပ်စစ်မီးလည်း ပြတ်​တောက်သွားသည်ဟု ရန်ကုန်မြို့ခံများက ​ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။