Connect with us

Hi, what are you looking for?

News

ထီးလင်းမြို့နယ်​ကော်မရှင်ရုံးတွင် ​သောက်စား​ပျော်ပါး​နေသည့် စစ်​ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ငါးဦး​သေ

မြို့နယ်ကော်မရှင်ရုံးသို့ ချဥ်းကပ်တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကာ ဗိုလ်ကြီးနေလင်းအောင်မှာလည်း ပေါင်၌ ကျည်မှန်ဒဏ်ရာဖြင့် ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

(ဝင်​ရောက်တိုက်စဥ်သိမ်းဆည်းရမိခဲ့သည့် ဆက်စပ်ပစ္စည်းများကို ​တွေ့ရစဥ်)

▪️ဗိုလ်ကြီးနေလင်းအောင်လည်း ကျည်ထိမှန်ထွက်​ပြေးသွားဟု YDF(ထီးလင်း) ထုတ်ပြန်

မ​ကွေးတိုင်း ထီးလင်းမြို့နယ်​ရွေး​ကောက်ပွဲကော်မရှင်ရုံးတွင် အရက်သောက်စားပျော်ပါးနေသော ဗိုလ်ကြီးနေလင်းအောင် ဦးဆောင်သည့်စစ်ကောင်စီအဖွဲ့ကို ဝင်ရောက်ပစ်ခတ်ရာ ငါးဦးသေဆုံးကြောင်း YDF(ထီးလင်း) တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၁၃ ရက်)က နေ့လယ် ၃ နာရီခန့်ကထီးလင်းမြို့စွန်ရှိ စစ်ကောင်စီတပ်သားများ ကင်းစောင့်လေ့ရှိသောမီးသတ်ရုံးအား ဝင်ရောက်စီးနင်းရန် YDF(ထီးလင်း)က ကနဦးကြိုးပမ်းခဲ့သည်။

“မီးသတ်ရုံးမှာ စခ တွေ က အမြဲကင်းစောင့်နေကြ ဆိုတော့ အဲဒီကို ဝင်စီးမယ်ဆိုပြီးလုပ်တာ။ဒါပေမယ့် မီးသတ်ရုံးမရောက်ခင်မှာ မြို့နယ်ကော်မရှင်ရုံး ရှိတယ်။ရုံးထဲမှာ စခ တွေက သောက်စားပျောက်ပါး သီးချင်တွေဆိုနေတွေ့တော့ အဲဒီနေရာကို လည်း ဝင်ရှင်းဖို့လုပ်တယ်။မီးသတ်ရုံးဘက်မှာလည်း တစ်ဖွဲ့သပ်သပ် မိုင်း ထောင်တိုက်ခိုက်ဖို့လုပ်ခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

မြို့နယ်ကော်မရှင်ရုံးသို့ ချဥ်းကပ်တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကာ ဗိုလ်ကြီးနေလင်းအောင်မှာလည်း ပေါင်၌ ကျည်မှန်ဒဏ်ရာဖြင့် ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

YDF(ထီးလင်း)တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ချိန်တွင် စစ်ကောင်စီတပ်သားများ နောက်မှလိုက်လာသဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားနှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားအချို့ တပ်စွဲရာ မီးသတ်စခန်းမိုင်းဆွဲတိုက်ခိုက်မှုတွင်လည်း အကျအဆုံးမသိရသေးပေ။တိုက်ခိုက်မှုများတွင် YDF(ထီးလင်း)တပ်ဖွဲ့ဝင်များ အထိအခိုက်၊အကျအဆုံး မရှိခဲ့ကြောင်းလည်း အသိပေးသည်။

တိုက်ပွဲတွင် (၉)မမကျည် ၁၂တောင့်၊ပစ္စတိုကျည်ပေါက်အိတ်တစ်ခု နှင့် ဖုန်းခြောက်လုံး တို့ကိုသိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။