Connect with us

Hi, what are you looking for?

News

က​လေးမြို့ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် ​ထောက်ပို့တပ်​ရှေ့တို့တွင် တိုက်ပွဲဖြစ်ပွား​နေ

ကလေးမြို့ တောင်သာကျေးရွာတွင် ယနေ့ သင်္ကြန်အကျနေ့ နေ့လယ် ၁၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့ ခရိုင်ရဲတပ်ရုံးနှင့် ကလေးမြို့ကားကြီးဝင်းနားရှိ စစ်ကောင်စီထောက်ပို့တပ်ရှေ့တို့တွင် ယ​နေ့ည​နေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

သင်္ကြန်အကျနေ့ ညနေပိုင်း ၅နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားမှု​ကြောင့် ကလေးမြို့ပေါ်၌ လက်နက်ကြီး ပစ်ခတ်ခံများ ကြားနေရသည်ဟု ‌ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ပစ်ခံက ဆက်တိုက်ကြားနေရတယ်။ ရဲ ခရိုင်ရုံးနားအထိ PDFတွေလာပစ်နေကြပြီ။ မြို့ပေါ်ကလမ်းပေါ်မှာလဲ ၁၂ နာရီနောက်ပိုင်း လူမရှိတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ကလေးမြို့ကားကြီးဝင်းအနီးရှိ စစ်ကောင်စီတပ်၏ ထောက်ပို့တပ်ကို ဒေသခံကာကွယ် ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေပြီး ညနေ ၆နာရီခွဲအထိ တိုက်ပွဲများ ပြင်းထန်နေသည်ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။ ခရိုင်ရဲတပ်ဖွဲ့ ရုံးနားတွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု ၎င်းက ​ပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့ တောင်သာကျေးရွာတွင် ယနေ့ သင်္ကြန်အကျနေ့ နေ့လယ် ၁၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲသည် မိနစ်၃၀ကြာမြင့်ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ကလေးမြို့ဒေသအတွင်းရှိ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက ဧပြီ ၁၃ ရက်(ယမန့်နေ)ကလည်း စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့်ထောက်ပို့တပ်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးတို့ကို သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။