Connect with us

Hi, what are you looking for?

News

ပေါက်နယ်တွင် ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်က တောထဲရှောင်ပုန်းနေသည့် ဒေသခံများ၏ ရိက္ခာများကိုပါ ထပ်မံမီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ် ရှိ ကျေးရွာများကို မီးရှို့ခဲ့ရာ ရွာ ၁၃ရွာထက်မနည်းမီးရှို့ခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။ ပေါက်နှင့် ဆက်စပ်နေသည့် ပခုက္ကူနှင့် ဆိပ်ဖြူနယ်ရှိ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။

မကွေးတိုင်း ပေါက်မြို့နယ်ရှိ ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွာများကို မီးရှို့ရုံသာမက ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသူရွာသားများ၏ စားနပ်ရိက္ခာများကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက အသိပေးထားသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ် ရှိ ကျေးရွာများကို မီးရှို့ခဲ့ရာ ရွာ ၁၃ရွာထက်မနည်းမီးရှို့ခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။ ပေါက်နှင့် ဆက်စပ်နေသည့် ပခုက္ကူနှင့် ဆိပ်ဖြူနယ်ရှိ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။

“ပေါက်မြို့နယ် တောင်ပိုင်းက ကျောက်အိုးရွာက စစ်ဘေးရှောင်ပြည်သူတွေပါ။ စခတွေဟာ ရွာလုံးကျွတ် မီးရှို့လို့အားမရဘူး ရှောင်ပုန်းသူတွေရဲ့ အစားအသောက် ရိက္ခာတွေပါ ထပ်မံမီးရှို့တယ်။ စစ်တပ်ကို ကြောက်လို့ တစ်ရွာလုံး ပြေးလွှား ဒုက္ခများနေကြရတယ်” ဟု Pauk Alliance Groupက ယနေ့ထုတ်ပြန်သည်။

ထို့​ကြောင့် စစ်ဘေးရှောင်များအတွက် အစားအသောက်၊ ရိက္ခာ ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟုလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးကမူ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ကျေးရွာနှင့် အိမ်ခြေအရေအတွက်ကို စစ်တမ်းပြုစုနေကြောင်း၊ နေအိမ်များ မီးရှို့ခံရသည့်ဒေသခံများအနေဖြင့် တောထဲ၌ ပုန်းရှောင်နေရဆဲဖြစ်ပြီး နွေကာလဖြစ်၍ အပူဒဏ်အပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ပြောကြားသည်။

စစ်ကော်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံများ အသက်ဆုံးရှုံးခဲ့ကြရပြီး အရေအတွက် စိစစ်ဆဲဖြစ်သည်ဟု ၎င်း က ပြောသည်။ ထို့ပြင် အိမ်မွေးတိရိစ္ဆာန်များစွာလည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။