Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် လက်နက်ခဲယမ်း၊ ကျည်များ ထပ်မံသိမ်းဆည်းရမိဟု ကော်ဘရာစစ်ကြောင်း အသိပေး

စစ်ကောင်စီတပ်အနေဖြင့် ပူးပေါင်းတပ်၏ စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်မည်အထင်ဖြင့် ထိုးစစ်ဆင်လာသော်လည်း အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှ ယခု ညပိုင်းအချိန်ထိ စစ်ရေးငြိမ်သက်နေပြီး စစ်ကောင်စီတပ်မှ လှုပ်ရှားမှုကို မတွေ့ရကြောင်း အဆိုပါတပ်မှူးက ပြောသည်။

▪️ယမန်နေ့ညတိုက်ပွဲတွင် စစ်ကောင်စီတပ် အလောင်းပြန်စွဲသွားသည့် အရာများတွေ့ရဟု PDFတပ်မှူးပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ လေးကေ့ကော်ဒေသရှိ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ကော်ဘရာစစ်ကြောင်း တပ်စွဲရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ တပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၄ရက်) ည ၁၁ နာရီခန့်မှစ၍ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့ (ဧပြီ ၁၅ရက်) နံနက် ၃နာရီခွဲအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့သည်ဟုဆိုသည်။ ထို့နောက် စစ်ကောင်စီတပ်များ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားရာ ကော်ဘရာစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့နံနက် ကော်ဘရာစစ်ကြောင်း၏ ကနဦးသတင်းထုတ်ပြန်ချက်၌ စစ်ကောင်စီတပ်၏ စစ်အသုံးအဆောင်ပစ္စည်းများ၊ ကျည်များ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပြီး ထပ်မံ၍လည်း လက်နက်ကြီးကျည်များအပါအဝင်ကျည်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“အလောင်းတွေတော့မတွေ့ဘူး။အလောင်းတွေက သူတို့ ပြန်စွဲသွားတယ်။ သွေးကွက် တွေနဲ့ သွေးလမ်းကြောင်းတွေပဲ တွေ့တယ်။ အတိအကျ မသိနိုင်ပေမယ့် အော်သံတွေ ကြားတယ် တော်တော်တော့ထိကြတယ်” ဟု အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ပူးပေါင်းတပ်၏ စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်မည်အထင်ဖြင့် ထိုးစစ်ဆင်လာသော်လည်း အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှ ယခု ညပိုင်းအချိန်ထိ စစ်ရေးငြိမ်သက်နေပြီး စစ်ကောင်စီတပ်မှ လှုပ်ရှားမှုကို မတွေ့ရကြောင်း အဆိုပါတပ်မှူးက ပြောသည်။

ကော်ဘရာစစ်ကြောင်းမှ ထပ်မံသိမ်းဆည်းရမခဲ့သည့် ခဲယမ်း၊ ကျည်များမှာ (၆၀)မမ ဗုံးသီး ၁၈ လုံး၊ (၈၁) မမ တစ်လုံး၊ RPG ​လေးလုံး၊ ပို့ယမ်း သုံးထုပ်၊ 5.56 ကျည် ၃၀၀ တောင့်၊ 7.62 စနိုက်ပါကျည် ၁၀၀တောင့်၊ ခြေနင်းမိုင်း ၁ လုံး၊ MA 1ကျည်အိမ် ၉ ခုတို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။