Connect with us

Hi, what are you looking for?

News

မတူပီမှ ပလက်၀သို့ ထွက်လာသည့် စစ်ကြောင်းကို CDF တိုက်ခိုက်ရာ စစ်ကောင်စီတပ်အနည်းဆုံး ၁၀ဦးသေဟုဆို

စစ်ကောင်စီတပ်သည် လမ်းတစ်လျှောက်ရှိ ကျေးရွာပြည်သူပိုင် ကြက်၊ဝက်၊ဆိတ်များကို ယူဆောင်သွားသည့်အပြင် ၀လံပီရွာအတွက် စုဆောင်းသိမ်းဆည်းထားသည့် ပြည်သူပိုင် စပါးကျီများကို မီးရှို့ဖျက်ဆီးသွားသည်ဟု မတူပီ CDFက ဆိုသည်။

(မ​ကွေးတိုင်း ​ကျောက်ထုမှ ချင်းပြည်နယ် မတူပီမြို့သို့ ချီတက်လာ​​သော စစ်​​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်၊ဓာတ်ပုံ - CDF)

ချင်းပြည်နယ် မတူပီမြို့မှ ပလက်၀မြို့နယ်ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် သုံးကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၀ဦးသေ၊ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း မတူပီ ချင်းဒေသကာကွယ်ရေးတပ်(CDF)က ယနေ့ သတင်းထုတ်ပြန် သည်။

ဧပြီ ၉ရက်တွင် မတူပီမှ ပလက်၀မြို့သို့ စတင်ထွက်ခွာလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီ ၁၀ရက်တွင် မိုင်တိုင်အမှတ် (၉)၌ တိုက်ခိုက်ခဲ့၍ စတင်တိုက်ပွဲဖြစ်ခဲ့သည်ဟု မတူပီ CDFက ဆိုသည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ အနည်းဆုံးနှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ပြီး မတူပီ CDF ဘက်မှ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ စစ်ကြောင်းသည် ဧပြီ ၁၁ရက်တွင် တွီရှစ်ကျေးရွာ၊ ၁၂ရက်တွင် ၀လံပီကျေးရွာ၊ ၁၃ရက်တွင် ကလားကျေးရွာ နှင့် ဧပြီ ၁၄ရက်တွင် ၀လံသဲကျေးရွာသို့ ရောက်ရှိလာကြောင်း ဖော်ပြထားသော်လည်း တိုက်ပွဲ ဖြစဉ် သုံးခုအနက် နှစ်ခုက မည်သည့်နေရာ မည်သည့်ရက်တွင် ဖြစ်ခဲ့သည်ကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် လမ်းတစ်လျှောက်ရှိ ကျေးရွာပြည်သူပိုင် ကြက်၊ဝက်၊ဆိတ်များကို ယူဆောင်သွားသည့်အပြင် ၀လံပီရွာအတွက် စုဆောင်းသိမ်းဆည်းထားသည့် ပြည်သူပိုင် စပါးကျီများကို မီးရှို့ဖျက်ဆီးသွားသည်ဟု မတူပီ CDFက ဆိုသည်။

Public Service Announcement

Public Service Announcement

မတူပီ – ပလက်၀ လမ်းပေါ်ရှိ ကျေးရွာနေ ပြည်သူ တစ်ထောင်ခန့် တောတောင်အတွင်း စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သည် မတူပီမြို့နယ်အတွင်းစစ်ကြောင်းထိုးမှုများ အဆတ်မပြတ်ပြုလုပ်နေ၍ ဆက်လက်ဆုတောင်း သတိရပေးရန် အထူးတိုက်တွန်းကြောင်း မတူပီ CDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။